အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)

Start from the beginning
                                    

ည ၇ : ၃၀ အချိန် ၊ video call ,

ဖရဲသီး​လေးက သူ့အရုပ်​လေး​တွေနဲ့အတူ ကင်မရာ​ရှေ့မှာ ​ပျော်​ပျော်ရွှင်ရွှင် ကစား​နေသည်။​ပေါ်ယွီမှာ​တော့ စိတ်မ​ကောင်းဖြစ်​နေပြီး သူ့ရဲ့နှလုံးသားကလည်း ​သေဆုံးပြီးသား အရိုးပြာ​တွေလို ခံစား​နေရသည်။

ဖရဲသီး​လေးက မျက်​မှောင်​လေး​တွေကြုတ်ရင်း ပြင်းပြင်းထန်ထန် ​ပြောလိုက်သည်။
" ပါးပါး , ​ဆေးလိပ်မ​သောက်​တော့ဖို့ သ​ဘောတူထားကြတယ်​လေ ! "

အဲဒါစကားသံ​လေးကို ကြားတဲ့အခါ စားပွဲမှာထိုင်ပြီး အလုပ်ကြိုးစား​နေတဲ့ စုန့်ရှီလင်က ​ပေါ်ယွီကို ခန့်မှန်းလို့မရနိုင်တဲ့ မျက်၀န်း​လေး​တွေနဲ့အတူ သင်ပြ​ပေး​​နေတဲ့ ဖရဲသီး​လေးဆီ အကြည့်​ရောက်သွားသည်။

​ပေါ်ယွီက မီးခိုး​တွေကို မှုတ်ထုတ်လိုက်သည်။အချိန်အ​တော်ကြာတဲ့အခါ ​ပေါ်ယွီ ​ပြောလာခဲ့သည်။ " အင်း , ပါးပါးက ဒီ​နေ့ အလုပ်မှာ ပင်ပန်း​နေလို့ပါ။ တကယ်လို့ ငါ ​ဆေးလိပ်မ​သောက်ရင် ညကျ မအိပ်နိုင်​​တော့ဘူးရယ်။ စီးကရက်တစ်လိပ်တည်းပါ "

______ သူတို့ ဟွားချန်မြို့​တော်ကို ပြန်​ပြောင်းမလာရ​သေးခင်အချိန်တုန်းက ​ပေါ်ယွီနဲ့ဖရဲသီး​လေးဟာ မြို့တစ်မြို့က ​ဘေးပတ်၀န်းကျင်​နေရာ ​ကောင်းမွန်တဲ့ တိုက်ခန်းတစ်ခုမှာ ငှားရမ်း​နေထိုင်ခဲ့ကြသည်။

သူ တစ်နှစ်​လောက်​နေထိုင်ခဲ့တဲ့ အဲဒီတိုက်ခန်းနဲ့ ပတ်သတ်ပြီး ​ပေါ်ယွီရဲ့ တစ်ခုတည်း​သော မ​ကျေနပ်ချက်က​ သူများကိစ္စ​တွေမှာ ကိုယ်နဲ့လည်း လားလားမှ မဆိုင်ဘဲ ၀င်​ရောက်စွက်ဖက်တတ်တဲ့ အိမ်နီးချင်း မိန်းမကြီး​တွေတစ်သိုက်ဖြစ်သည်။

​ပေါ်ယွီက ​ဆေးလိပ်သမား အကြီးစားဖြစ်သည်။ဒါ​ပေမယ့် သူ့မှာ ကိုယ်၀န်ရှိ​နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်ကတည်းက ​​ပေါ်ယွီဟာ ဘယ်​သောအခါမှ ​ဆေးလိပ်မ​သောက်ခဲ့​ပေ။​နောက်ဆုံးတွင် သူ ဖရဲသီး​လေးကို ​မွေးပြီးတဲ့အချိန်ကျမှပဲ ​ပေါ်ယွီ ​ဆေးလိပ်ပြန်စ​သောက်ခဲ့တာဖြစ်သည်။

အဲဒီအချိန်တုန်းက ​ဆေးလိပ်​သောက်ရတာကို အလွန်သ​ဘောကျတဲ့ တစ်ကိုယ်​တော် ​ဖေ​ဖေဟာ အိမ်နီးနားချင်း အမျိုးသမီးကြီး​တွေရဲ့ အာရုံစိုက်မှုကို ရယူခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now