"ဟုတ်တယ်! ဒီnovelကလည်း အရမ်း နာမည်ကြီးနေတာ! ဇာတ်ကြောင်းကလည်း သေသပ်တဲ့အပြင် စာရေးဆရာကလည်း အမျိုးအစားကို သေချာပေါက်နားလည်ပြီး ရေးနိုင်ခဲ့တာ! 'Shifting To Mars'ထက်တောင် ပိုကောင်းသေးတယ်!"

"သန်း၁၀၀....အိုး အကယ်၍ ငါသာ ပိုက်ဆံအဲ့လောက်ရှိနေရင် 'The Seductress'ရဲ့ ဇာတ်‌ကောင်နေရာ သေးသေးလေးမှာပဲ ဖြစ်ဖြစ် နေရာ‌ရအောင် ဝယ်ပစ်မှာ။ အနည်းဆုံးတော့ ငါ့နာမည်ကို နည်းနည်း လူသိများအောင် လုပ်နိုင်မှာပဲ"

"..."

သူမရဲ့ နောက်ရိုက်မယ့် ရုပ်ရှင်အကြောင်း လူအများပြောတာကို ကြားရတဲ့အခါ စုထျန်းထျန်း ပျော်ရွှင်နေလေ၏။

သူမ နင်မုန့်ကို တချက် စောင်းကြည့်လိုက်သည်။

တဖက်မှ နင်မုန့်ကတော့ မှတ်ချက်တစ်စုံတရာတောင် ပြောဖို့ စိတ်ကူး မရှိသည့် အတိုင်းပင်။ သူမက အရှေ့တည့်တည့်ကိုသာ အမူအရာမရှိ ငေးကြည့်လို့နေလေပြီး ပုံစံကလည်း ကြောင်ကြည့်နေတာနှင့် တူလေ၏။

'အိုး...နောင်တရနေပြီပေါ့'

စုထျန်းထျန်း သူမဆီသို့ မချိပြုံးဖြင့် လျှောက်သွားလိုက်ပြီး "နင်မုန့် ငါ့ညီမလေး ဘယ်တွေကြည့်နေတာလဲ။ ဒီမှာ စိတ်ဝင်စားစရာ တစ်ခုခုများ ရှိနေလို့လား"

သူမ မသိလိုက်တာ တစ်ခုက နင်မုန့် အမူအရာက နောင်တရနေတာ မဟုတ်ဘဲ မူရင်းစာအုပ်က အကြောင်းတွေကို သေသေချာချာ ပြန်စဉ်းစားနေတာ ဖြစ်လေ၏။

ဒီဇာတ်လမ်းနားမှာ အဓိက ဇာတ်ဆောင်က သူ့ငွေတွေ ဆုံးရှုံးသွားခဲ့တာ သေချာသလောက် ရှိပါတယ်။ ထိုအရာက သူ့ဘဝရဲ့ ကျရှုံးမှုတွေထဲက အကြီးမားဆုံး ဆုံးရှုံးမှုလို့တောင် ပြောလို့ရသည်အထိဖြစ်၏။

မှတ်မိသွားတဲ့အခါ နင်မုန့် ပြုံးလိုက်သည်။

"ဘာမှ မရှိပါဘူး။ ဒီအတိုင်း နင့်ရင်သား ဘယ်လောက်သေးလဲ တွေးကြည့်နေတာ။ နင်က ပိတ်စတွေကို ချိုးခြံရင်း နိုင်ငံအတွက် အကျိုးပြုပေးနေတာပဲ"

"..."

ကင်မရာပေါ်တွင် ကြည့်ကောင်းနေဖို့ရာအတွက် အနုပညာရှင် အများစုက သူတို့ကိုယ်သူတို့ ပိန်နေအောင် ကြိုးစားကြရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now