သူမ ရုံးခန်းထဲသို့ ဝင်လာတာကို နင်ဝမ့်ထောင် မြင်လိုက်ရတဲ့အခါ မျက်လုံးတို့ လှိမ့်လိုက်ပြီး ကုလားထိုင်ကို သူမရှိရာဘက်သို့ လှည့်လိုက်၏။

"အဖေ မစားရသေးဘူးမလား။ သမီး ပေါက်စီ ဝယ်ခဲ့တယ်"

သူ့သမီးက သူ့ကိုဂရုစိုက်သေးသည်ဆိုတာ သိလိုက်ရတဲ့အခါ နင်ဝမ့်ထောင် နှလုံးသားက နူးညံ့လို့ သွားရ၏။ ကုမ္ပဏီရဲ့ ပိုက်ဆံအကုန် သုံးလိုက်ပေမယ့်လည်း အနည်းဆုံး အဖေဖြစ်သူအပေါ်တော့ ကြင်နာမှု ပြသေးသား။ သူတွေးပြီး ပြန်အကြည့်မှာတော့ ပေါက်စီ တစ်လုံးမှ ရှိမနေတော့။

"ပေါက်စီရော"

"ဟီးဟီးဟီး...အရသာသိချင်တာနဲ့ နည်းနည်းလောက် မြည်းကြည့်လိုက်တာ မသိလိုက်ခင်မှာပဲ ကုန်သွားတယ်။ ဒါပေမယ့်...."

"ဒါပေမယ့် ဘာလဲ"

"ဒါပေမယ့် ပေါက်စီထည့်တဲ့ အိတ်တော့ ရှိနေသေးတယ်။ လိုချင်လားဟင်? အနံ့တော့ ကျန်နေသေးတယ်"

"...…"

ကုမ္ပဏီ တံဆိပ်တုံးက စားပွဲပေါ်တွင် ရှိနေတာမို့ ယူလိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားသည့် နင်မုန့်ပုံက သူမအဖေ ငိုနေတာကို ဘာမှမသိလိုက်သည့် အတိုင်းပင်။

နံရံကို မှီနေသည့် လင်းချင်ပေ့ကို သူမ တွေ့လိုက်ရသည်။ သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး မျက်နှာကျက်ကို ငေးနေသည့်ပုံက တစ်စုံတခုကို အလေးအနက် စဉ်းစားနေသည့်ပုံ ဖြစ်လေ၏။ နင်မုန့်ကို တွေ့လိုက်တဲ့အခါ သူမဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"ရပ်လိုက်! ကျွန်မနဲ့ နှစ်မီတာ အကွာမှာနေပေး! ကျေးဇူး"

"...…."

သူမ အနားမှာ နေခိုင်းဖို့ ခွင့်မပြုတဲ့အခါ လင်းချင်ပေ့ စိတ်ပျက်လို့ သွားလေ၏။

"င့ါမှာ အခု ၂သန်းရှိတယ်။ အဲ့တာအကုန် မင်းကိုပေးလို့ရတယ်" ရပ်နေသည့်နေရာမှ လင်းချင်ပေ့ ပြောလိုက်သည်။

သူ နည်းနည်းလေးတောင် ထပ်မတိုးရဲပေ။ သူတိုးလိုက်တာနဲ့ သူမ ထွက်ပြေးမှာကို သူကြောက်တာမို့ပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Opowieści tętniące życiem. Odkryj je teraz