Part-41(Final) (Z&U)

37.5K 901 62
                                    

Unicode

မောင်နဲ့အတူရှိခဲ့သည်မှာ နှစ်လပင်ကျော်ပြီဖြစ်သည်။ မောင်နဲ့အတူဖြတ်သန်းနေရသည့်အချိန်တိုင်းကိုမေမီပျော်လှပါသည်။သို့သော် တစ်ခါတစ်ရံ၌လည်းဘာကိုလွမ်းလို့လွမ်းမှန်း မသိဖြစ်နေမိသည်။ လူငယ်ဘ၀ကိုလွမ်းမိလာသလိုရှိလာသည်။ရှေ့လဆို Uni တွေဖွင့်တော့မည်ဖြစ်သည်။ မောင်နဲ့တစ်ကျောင်းထဲတတ်ရမှာတကယ်ကိုပင်ပျော်ဖို့ကောင်းပါ သည်။

"ဘယ်ကောင်လေးအကြောင်းတွေပြီး ဆွေး၊ငေးနေတာလဲ မေမီဇော်...။"

"‌ကောင်းမင်းထက် ကို"

မေမီဟာ ထိုနာမည်ကိုဘာမှမဖြစ်သလိုပြောလိုက်ရင်း စား‌ပွဲပေါ်ကကော်ဖီပူပူကိုဘာမှမဖြစ်သလိုယူသောက်ရင်းပြောလိုက်သည်။

*ကျစ်*

"ဘယ်သူ!...တစ်ချက်လောက်ပြန်ပြောပါအုန်းမေမီဇော်ရဲ့။"

"မောင်ရယ်!...ငါကစ‌တာပါ။ မောင်ကလွဲပြီးငါကဘယ်သူ့ကိုသတိရရမှာတုန်း"

"မင်းကတော့လေ...။အဲ့အကောင်တွေနာမည်ကိုမဆိုစမ်းနဲ့မေမီဇော် မောင်မကြိုက်ဘူး"

"ဟုတ်ပါပြီရှင်..."

မေမီဇော် ခုံမှထသွားဖို့လုပ်တော့ မောင်က အနောက်မှပြန်ဆွဲချပြန်သည်။

"အဲ့တာ...ဘယ်သွားဖို့လဲ။"

"ရေသွားချိုးဖို့လေ...မောင်ရဲ့။"

"အတူတူချိုးမယ်လေ...မိန်းမရဲ့"

"မောင့်!..ငါအတူတူမချိုးချင်ဘူး...ဘေးဖယ်"

"ဟင်...မေမီဇော်မင်းဘာဖြစ်နေတာလဲဆူပုပ် နေတာဘဲဒါလေးပြောတာကို"

"မသိဘူး...ဘေးကိုကွာ။"

"မဖယ်ဘူးကွာ..မောင်ဒီလိုနေချင်နေလို့ပါဆို"

"ခန့်ညီသော်...ငါ့ကိုခဏလောက်လွှတ်ထားစမ်းပါဟာ။ အဲ့လောက်ထိလိုက်ကပ်မနေနဲ့"

မေမီ မောင့်ဆီမှရုန်းရင်းခုံမှပြန်ထလိုက်ကာထလိုက်သည်။

"ရတယ်။မင်းရေချိုးမှာမလား သွားချိုး။မောင် သွားမယ်။"

ခန့်ညီကပြောပြီးအခန်းထဲမှထထွက်သွားသည်။ အနောက်ကိုတစ်ချက်တောင်ပြန်မလှည့်ကြည့်ပေ။ဒါလေးပြောတာကိုဒီလောက်ထိစိတ်ဆိုးသွားပြန်သည့် တကယ်ကလေးဆိုးလေးပါ။ မေမီလည်းသက်ပြင်းတစ်ချက်ချကာ ရေချိုးခန်းထဲရေ၀င်ချိုးလိုက်တော့ သည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now