Part-1(Zawgyi&Unicode)

112K 1.4K 41
                                    

(Unicode)

*တီ...တီ....*

နှစ်‌ကြိမ်မြောက်မြည်ကြွေးလာတဲ့ ဘေးနားကသံပတ်နာရီကို ဒီတစ်ခါမှာတော့ သူမ ဆိုင်းတွချင်းအလျဥ်းမရှိပိတ်လိုက်ရတော့ သည်။ အထက်တန်း ကျောင်း‌နောက်ဆုံးနှစ်ရဲ့စီနီယာကျောင်းသူဖြစ်တာမို့စောစောထရတာဟာသူမအတွက်‌တော့မလွယ်လှပါ။မေမီ
နိုးတာနဲ့ကျောင်းသွားဖို့တန််းပြင်ဆင်ရတော့ သည်။
မေမီ ကသူများတွေလိုမသွက်လတ်သော် လည်တုံးအတဲ့သည့်ထဲတော့မပါပါ။ ကိုယ်ကအရိုးခံတဲ့ဖိုးသခွား‌၊သာမန်ကျောင်းသူသာလေးတစ်ယောက်သာဖြစ်သည်။ စကားနည်းပြီး၊ အနေအထိုင်အေးဆေးတာကြောင့်လည်းကျောင်းမှာဆို‌ မေမီ့ ကိုသတိထားမိတဲ့သူကအင်မတန်မှနည်းလှသည်။ မေမီဇော် ဆိုဘယ်သူများလဲလို့ပြန်လိုက်မေးရသည်အထိပါ။

ရောက်တက်ရာရာဖြစ်သည့်သူမရဲ့အတွေးတွေကိုတစ်နေရာမှာရပ်ကာ ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်။ သူများတွေလိုအရမ်းပျင်းတဲ့ထဲမပါတာကြောင့်ကျောင်းကိုတော့ သူမတစ်ခါမှနောက်မကျဖူးပေ။ ဝါသနာပါတာဟာစာမဟုတ်ပေမယ့် top 10 လောက်ထိတော့၀င်အောင်လုပ်တတ်သည်။ဒါကလည်း အကျင့်တစ်ခုအနေနဲ့ဖြစ်နေသည်ကို။

"မေမီရေ...breakfast လာစားတော့လေ"

"လာပြီ! တီ‌ငယ် ရေ..."

တီငယ်သုပ်ပေးတဲ့ခေါက်ဆွဲသုပ်က စားဖူးသမျှထဲအကောင်းဆုံးဖြစ်သည်။ ဒယ်ဒီနဲ့
မာမီက Netherlands မှာရှိတဲ့ ဒယ်ဒီ့မေမေ
မေမီ ရဲ့ဖွားဖွားနေမကောင်းတာကြောင့်သွားကြည့်သည်မှာ လေးရက်လောက်ရှိပြီဖြစ်သည်။ မေမီ့ရဲ့အကိုဖြစ်သူကလည်းအဲ့ မှာဘဲကျောင်းတက်နေသည်မို့နှစ်၀က်စာမေး ပွဲပြီးမှသာအတူတူပြန်လာကြမည်ဖြစ်သည်။ အနည်းဆုံးတော့ နှစ်လနီးပါးတော့ကြာအုန်းမည်ထင်ပါရဲ့။

"ဘာတွေများ တွေးနေတာလဲ"

"မဟုတ်ပါဘူး တီငယ်ရဲ့၊ ဒါနဲ့ညကျတီငယ်ကnight duty ဆင်းရမှာမလား။ဒါဆိုလည်း မေမီ ကိုယ့်ဘာသာဘဲပြန်လာမယ်လေ"

"တီလေးလာကြိုပြီးအိမ်ပြန်ပို့ပေးပါ့မယ်ရှင်၊
တစ်ယောက်ထဲလဲစိတ်မချပါဘူး"

"OK!"

ဒီလိုနဲ့ တူရီးနှစ်ယောက်ကျောင်းကိုကားလေးနဲ့ထွက်လာလိုက်ကြတော့သည်။ တီငယ်က
မေမေ့ရဲ့ ညီမမို့သွေးနီးသည်တူပါရဲ့ မေမီတို့ကိုဆိုအမြဲဂရုစိုက်သည်။ တီငယ်ကအပြင် လူတွေကိုဆိုအမြဲတည်တန့်ပေမယ့် မေမီတို့မောင်နှမ ကိုကျသိပ်အလိုလိုက်သည်။ ဆရာ၀န်လို့ မပြောရအောင်လည်း အနေ အထိုင်ကအစ သပ်ရပ်လှသည်။ ဂုဏ်ရှိရှိ
လှတဲ့အလှမျိုးမို့ တီငယ်က မေမီ့အတွက်တော့အားကျစရာကောင်းလွန်းသည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now