Part-18(Zawgyi & Unicode)

22.6K 830 61
                                    

(Unicode)

ရုံးခန်းထဲမှခန့်ညီ၀န်ခံလိုက်သည့်စကားကြောင့် မေမီ့အပေါ်အပြစ်တို့လျော့ကျသွားသည်။ ပြစ်ဒဏ်အနေနဲ့တော့ ဒဏ်ငွေဆောင်လိုက်ရခြင်းနဲ့ ကျောင်းသုံးရက်နားလိုက်ရခြင်းဖြစ်သည်။

Special Class ထဲသို့ပြန်ရောက်လာချိန်တွင် ကလေးတွေက မေမီဇော့်ကိုသနားသောအကြည့်ဖြင့်ကြည့်နေကြသည်။ အကြောင်းမှာခန့်ညီသော်ဆိုသည့် နတ်ဆိုးရဲ့ခိုင်းဖက်အဖြစ်ရွေးချယ်ခြင်းခံထားရသောကြောင့်ဖြစ်သည်။ မေမီဇော် သူ့နေရာတွင်၀င်ထိုင်လိုက်သည်နဲ့ ‌သူများကိစ္စစိတ်မ၀င်စားတဲ့ကျောင်းသားတွေကအစ အနားကိုရောက်လာကြသည်။

"မေမီဇော် နင်အဆင်ပြေရဲ့လား။နင့်ကိုခန့်ညီအနိုင်ကျင့်‌တာ ငါတို့သတိမထားမိဘူးဟာ"

"မေမီဇော်!...နင်သူအဲ့လိုခိုင်းတာလုပ်ပေးစရာမလိုဘူး။တစ်ခုခုဖြစ်ရင်ငါတို့ကိုပြောပါနော်"

စသည်ဖြင့် မြတ်ဇင်နဲ့အခြားသူငယ်ချင်းတွေက Cinderella လေးဖြစ်သည့်မေမီဇော်ကိုနှစ်သိမ့်နေကြပေမယ့် မေမီဇော်တို့ နှစ် ယောက်ကိုအကြောင်းသိသည့်ဧကရီကတော့တစ်ယောက်ထဲကြိတ်ကာရယ်နေသည်။

ပြသာနာတွေဖြစ်ထားသောကြောင့်စိတ်လေးနေရသည်။ စိတ်ပေါ့သွားရအောင်အိမ်ရောက်ရောက်ချင်းပင် ‌မေမီခေါင်းလျှော်ချလိုက်တော့ နည်းနည်းအေးလာသလိုခံစားရသည်။Coffee ပူပူလေးသောက်ရန် kitchen room သို့ဆင်းလာလိုက်သည်။

*အို..လန်းဆန်းသွားတာဘဲ။ဒါနဲ့ မောင်ကောအဆင်ပြေရဲ့လား။ ငါ့ကြောင့်ကျောင်းနားလိုက်ရလို့စိတ်များပျက်သွားပြီလား။*

*ဟူး...* မေမီတစ်ယောက်အတွေးတို့ကိုထွေး‌ ပိုက်ထားမိသည်။ထို့‌နောက်သူမနားသို့ ကိုကိုကအိပ်ချင်မူးတူးရုပ်နဲ့ရောက်လာသည်။

"ကော်ဖီဖျော်နေရင် ကိုကို့အတွက်ပါတစ်ခွက်လောက်။"

"Ok.."

မေမီလေးပင်းနေသောအသံနဲ့၊အသံကိုဆွဲကာဖြေလိုက်သည်။

"မေမီဇော်...ဘာတွေဖြစ်နေတာလဲ။နင့်မျက်နှာက"

"မသိပါဘူး...ကိုကိုရာငါစိတ်ညစ်နေတာ။"

"အော်!...ဒါနဲ့ကိုကိုတို့နဲ့ ချိတ်ဆတ်ထားတဲ့ကျောင်းသားရေးရာဟောပြောမယ့်ပွဲထဲ
နင်တို့ကျောင်းပါပါတယ်"

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now