Part-28(Zawgyi & Unicode)

21.3K 733 35
                                    

(Unicode)

ခန့်ညီဒီနေ့ဘောလုံးသွားကန်လို့မရတော့ပေ။ စာမေးပွဲကဖင်နားကပ်နေသည်မို့ ဘောလုံးကစားဖို့ကို မေမီဇော်ကပိတ်ပင်ထားသည်။ သူလူကြားထဲအနမ်းခြွေခဲ့ချင်းကိုသူမလေးနားလည်အောင် သူ့မှာနည်းမျိုးစုံနဲ့ရှင်းပြလိုက်ရသည်။ မေမီဇော်ဆိုတဲ့ထိုမိန်းကလေးကို ဘယ်သူစိမ်းကောင်လေးနဲ့မှတွဲမမြင်ချင်တာသူ့စိတ်ရင်းအမှန်ပါ။ထက်ဦးပိုင်ကိုတောင်မောင်နှမအရင်းလိုရင်းနှီးကြသည်မို့သူခွင့်ပြုထားပေးခြင်းဖြစ် သည်။မဟုတ်ရင် ထက်ဦးပိုင်တစ်ယောက် မေမီဇော့်ကိုဒီလိုဂရုစိုက်နေပုံမျိုးနဲ့ဆိုကျိန်းသေခြေထောက်ကျိုးမှာဖြစ်သည်။

*ဟွန့်!*

သူတစ်ချက်လေးပြုံး‌မိလိုက်သည်။ မေမီဇော်ကဘယ်အချိန်အဖြစ်ဖြစ်သူ့ကိုလွှမ်းမိုးထားဆဲဖြစ်သည်။ အချစ်ဆိုတဲ့အရာက ခန့်ညီအတွက်တော့တကယ်ကိုပျော်မွေ့ဖို့ကောင်းလွန်းသည်။ အထူးဖြင့် တစ်ဖက်လူရဲ့အကြောင်းလေးတွေကိုကိုယ့်ဘာသာတွေးမိတဲ့အချိန်တွေမှာပေါ့...

*******

မေမီဇော်နဲ့ခန့်ညီ ဒီနေ့Cafe ဘားတစ်ခုမှာအနှစ်‌ယောက်သားစာလုပ်ကြရန်ချိန်းထားခြင်းဖြစ်သည်။ ထိုဆိုင်ဟာကျောင်းသားတွေအုပ်စုလိုက်စာကြည့်နိုင်ရန်အတွက်ရည်ရွယ်ကာ 24နာရီဖွင့်ပေးထားခြင်းမျိုးဖြစ်သည်။ မီးဝါရောင်စာကြည့်မီးလေးတွေနဲ့ သီးသန့်တစ်ယောက်ချင်းစီသော်လည်းကောင်း၊အုပ်စုအဖွဲ့လိုက်သော်လည်းကောင်း ကြည့်နိုင်ရန်စီစဉ်ပေးထားသည်။သုံးထပ်ရှိပြီးအပေါ်ဆုံးထပ်မှာတော့စာအလုပ်များလို့လေ ညှင်းထွက်ခံနိုင်ရန်ပါလုပ်ပေးထားသည်။

ခန့်ညီကမေမီနားမှာထိုင်ကာစာကြည့်နေ သည်။ သူစာကြည့်တာကနည်းနည်းမေမီ့ကိုလိုက်စနေသည်ကများများဖြစ်သည်။အခု လည်း မေမီ့နားထဲသို့သူ့လက်ညိုးကိုလိုက်ထည့်နေပြန်သည်။

"ဟ့!! ယားတယ်..."

မေမီပြောသည်ကိုဂရုမစိုက်ပေ။ သူဟာရွံစရာကောင်းအောင်ကိုဆက်လုပ်နေသည်။

"ခန့်ညီသော်!....နင်ဘယ်လိုဖြစ်နေတာလဲ။စာ မကြည့်ဘဲ လိုက်စနေတယ်"

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now