Part-36(Zawgyi & Unicode)

28.1K 757 41
                                    

Unicode

ဥရောပဆန်ဆန်ထိုအိမ်က‌လေးရဲ့ ခန်းစီးလိုက်ကာတွေဟာလှပလွန်းနေသည်။မသိ မသာတိုး၀င်လာနေသည့် နေရောင်ခပ်သိမ့်သိမ့်က သူမ‌လေးဆီသို့တိုက်ရိုက်မရောက်ရှိ‌နိုင်ပေ။ သို့သော်သူ့‌ဘေးမှပူနွေးနွေးကိုယ်နွေ့လေးကိုတော့ ခန့်ညီကျိန်းသေခံစားမိလိုက်ပါသည်။ သူလေအဟုန်လိုအရှိန်နဲ့သူမ‌လေးရဲ့ နှာဖူးလေးပေါ်သို့သူလက်တင်ကာစမ်းကြည့်မိတော့၊ ဟုတ်ပါရဲ့မီးခဲလိုပူကျစ်ကာအပြင်းဖျားနေသည့်သူမ...။

*ဟူး...*

ညည်းတွားသံ သက်ပြင်းတစ်ခုသူချလိုက်မိသည်။ ညကသူတော်တော်လွန်သွားတာဘဲ...၊ ဒါကသူ့အပြစ်ချည်းတော့ဘဲလည်းဆို၍မရပေ။ သူအောင့်အီးကာထိန်းထားနေခဲ့သည်ကို သူမဘက်မှစတင်၍သက်ရှိပန်းချီကားတစ်ချပ်လို ဆွဲဆောင်နေခဲ့ခြင်းကြောင့်သာဖြစ်သည်။

အရင်ဆုံး ခန့်ညီအိပ်ရာမှထကာ ရေအရင်
၀င်ချိုးလိုက်သည်။ ‌အခုမှအားတွေပြည့်နေသလိုသူခံစားလိုက်ရသည်။ ဘေစင်ကမှန်ကိုကြည့်ရင်း သူအရူးတစ်ယောက်လိုပင်အမျိုးမျိုးပြုံးကာရယ်နေမိသည်။မျက်နှာကိုလည်း လက်နဲ့ပွတ်သပ်နေမိသည်။ နောက်ဆုံးတော့ သူ မေမီဇော့်ကိုသူ့အမျိုးသမီးလေးအဖြစ်ဖြင့် ပိုင်ဆိုင်ခွင့်ရခဲ့ပြီဖြစ်သည်။သူ့အနာဂတ်ရဲ့ နေ့ရက်တိုင်းမှာ သူမပါလာတော့မည်ဖြစ်သည်။

ရေခဲရေထည့်ထားသည့် ဇလုံထဲသို့မျက်နှာ သုတ်ပဝါလေးကိုရေညှစ်လိုက်သည်။ထို့ နောက် သူမရဲ့နီရဲနေသောနှာဖူးလေးပေါ်သို့ ထိုရေ၀တ်စိုလေးကို တင်ကာထားတော့ သူမကိုယ်လေးက တစ်ချက်တွန့်လိမ်သွားရပြန်သည်။ မေမီဇော်နိုးမသွားရအောင် သူမကိုယ်လေးကိုသူအသာအယာရေပတ်၀တ်တိုက်ပေးတော့ သူတစ်ခါပြုံးမိပြန်သည်။ သူမကိုယ်ပေါ်က အနီကွက်လေးတွေကသူ့စိတ်ကြိုက်ရေးခြယ်ထားသောစုတ်ချက်တို့ သာဖြစ်သည်။

မေမီဇော်...နိုးလာတော့ သူမတစ်ကိုယ်လုံးကျိန်းစပ်၍နေရသည်။တစ်စုံတစ်ခုနဲ့ အရိုက်ခံထားရသလိုကိုခံစားရသည်။မေမီ့ ခန္ဓာ ကိုယ်ရဲ့အပူရှိန်နွေးနွေးကို ခံစားမိလိုက်တာကြောင့် သူမဖျားနေမှန်းသိလိုက်သည်။ထို့နောက် မေမီ့မျက်၀န်းအိမ်ထဲမှာတဖြေး ဖြေးနဲ့မှတ်မိသယောင်ရှိလာသည့် ညကမြင် ကွင်းပေါင်းစုံ.....။သူဟာအရှက်မဲ့စွာပင် ခန့်ညီရဲ့အောက်မှာ တွန့်လိမ်ကာငြီးနေခဲ့သည်မလား...။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now