Part-22(Zawgyi & Unicode)

22.3K 795 44
                                    

(Unicode)

အရာရာဟာ နေသားတကျနဲ့ရှိနေခဲ့သည်။
မောင်ဟာသူ့ကိုဂရုစိုက်မြဲရှိနေခဲ့သည်။ကိုကို နဲ့ကလွဲရင် တစ်အိမ်လုံးနဲ့ခင်ခင်မင်မင်ရှိသည်။ အခုလည်းမောင်ကစာလုပ်နေသည့်မေမီ့အတွက်ဟုဆိုကာ မုန့်ထုပ်များလာပို့ပေးနေသည်။ ဘယ်လိုဘဲမိဘတွေကမေမီတို့နှစ်ဦးသားကိုခွင့်ပြုကြပါစေ။ ‌မာမီတို့ရှေ့ထိုင်ကာစကားပြောရမည်မှာ မေမီဇော်အတွက်အရှက်ပိုစေသည်။ ဒါကြောင့် မေမီဇော် ‌ခြံရှေ့တွင်ရပ်ထားသည့် မောင့်ကားထဲတွင်၀င်ထိုင်ရန်သာဆုံးဖြတ်လိုက်သည်။ ‌မောင့်ရဲ့ Driver ကတော့နားလည်စွာဖြင့်အပြင်မှာရပ်စောင့်ပေးနေသည်။

"ဒီမှာရော့ မင်းစားဖို့မောင်၀ယ်‌လာတာ။"

"မောင် Guideအချိန်မတက်ဘဲ ဘောလုံးသွားကန်နေတယ်မလား။"

ခန့်ညီဟာ မေမီ့ကိုလိမ်၍ဘောလုံးသွားကန်ခဲ့သည်။သို့သော်သူ့ကစားဖော် ထက်ဦးပိုင်ကတော့စာမလုပ်ဘဲတစ်နေကုန်ဘောကန်နေကြောင်း မေမီ့ဆီမှာအကုန်ဖော်လိုက်သည်။

"ဟုတ်တယ် မောင်ပျင်းလို့။"

"မောင်ရယ် စာတော့နည်းနည်းပါးပါးလုပ်ပေါ့။ ဘောလုံးကန်တာကိုမေမီ ဘာမှမဆိုပေမယ့် ခုဟာကစာမေးပွဲရက်နီးလာပြီလေ"

"ဟုတ်ပါပီ မောင်နောက်နေ့ကျစာလည်းလုပ်ပါမယ်။"

"ပြီးရော။"

မေမီဇော် မောင်၀ယ်လာတဲ့အထုပ်ထဲမှ
ice-capachino လေးကိုယူသောက်လိုက်သည်။ မောင်ကတော့မေမီ့မျက်နှာဘေးသို့ကျနေသည့်ဆံပင်တို့ကို နားအနောက်သို့သပ်တင်ပေးနေသည်။

"မင်း စာဘဲလုပ်နေရင်ပင်ပန်းလိမ့်မယ်။"

"မပင်ပန်းပါဘူး။မေမီအဆင့်မကောင်းမှသာ
စိတ်မကောင်းဖြစ်နေရမှာ"

"ဒါပေမယ့်လည်းလျော့လုပ်ကွာ။ မင်းအခုတောင်ပိန်လာနေပြီ တွေ့လား"

"အင်းပါ။ ခန့်ညီကတော့စာလုပ်နော်"

*ရွှတ် ရွှတ်*

မေမီတစ်ယောက်ကုန်ခါနီးပြီဖြစ်သောကော်ဖီကိုပိုက်ကတဆင့်အားရပါးရစုပ်သောက်နေလိုက်သည်။

မောင်စေလိုရာ (OC) [Complete] Hikayelerin yaşadığı yer. Şimdi keşfedin