Part-40(Zawgyi & Unicode)

28.2K 724 25
                                    

Unicode

မေမီဇော်တစ်ယောက်မျက်လုံး ဖွင့်ဖွင့်လိုက်ခြင်းမှာပင်၊ ပင်ပန်းနွမ်းနယ်မှုတို့နဲ့စတင်လိုက်ရသည်။ည‌ကသောင်းကျန်းချင်တိုင်း သောင်းကျန်းထားသည့် ဘေးကလူကိုကြည့်လိုက်တော့ ကလေးတစ်ယောက်လိုပင် အပူပင်ကင်းစွာအိပ်မောကျနေသည်။ မောင်ဟာ မေမီ့ကိုယ်လေးကိုသိမ်းကျုံးဖတ်ထားသည်။ မေမီ့မျက်နှာနားကိုသူ့မျက်နှာနဲ့ကပ်ကာအိပ်နေသည်။နှစ်‌ယောက်သားထိကပ်လွန်းလို့ လှသည့် အခြေအနေမှာမောင့်ရဲ့နှာခေါင်းထိပ်ဖျားကပင်မေမီ့ပါးထဲသို့ပင်နစ်၀င်နေ သည်။

"ခန့်ညီ!...ထ..။"ခန့်ညီရေ...ထအုန်းလို့"

"မောင်...မောင်လို့ခေါ်"

မျက်လုံးတောင်မဖွင့်ဘဲ သူ့ကိုမောင်လို့ပြောလာရန် ပြောနေသည့်မောင်ပါလေ။

"ကဲ...မောင်ထလို့...။မောင် ငါ့ကိုဖိထားတာမခံနိုင်တော့ဘူးလို့"

"မဖယ်နိုင်ပါဘူး!..."

"ခန့်ညီသော်!...နင့်ကိုငါကောင်းကောင်းမွန်မွန်ပြောနေတာကို"

"မောင်မှအိပ်ရေးမ၀သေးတာကိုကွာ"

"အဲ့တာငါနဲ့‌ဘာဆိုင်လို့လဲ...။"

"မသိဘူးကွာ.."

"ဘာကိုမသိတာလဲ..."

"မင်းငြိမ်ငြိမ်မနေရင် မောင်ဘာလုပ်မိမှန်းသိမှာမဟုတ်ဘူး။ မင်းလည်းပြန်အိပ် မေမီဇော်။"

မေမီ‌လည်း ပင်ပန်းထားရသည့်မို့ အသက်ကိုမှန်မှန်ရူကာမောင့်ရင် ခွင်ထဲမှာဘဲငြိမ်နေလိုက်ရတော့သည်။ သူကတော့ပြုံးလို့မေမီ့နှာဖူးလေးထက်အနမ်း လေးတစ်ပွင့်ပေးပြီး ပြန်အိပ်သွားခဲ့သည်။

******

မေမီ ညနေပိုင်းလုပ်စရာမရှိတာမို့၊အခန်းထဲမှာပင်စာအုပ်ထိုင်‌ဖတ်၍နေလိုက်သည်။မောင်ကတော့ရေချိုးနေတုန်းဖြစ်သည်။ ခ ဏ‌နေတော့ ကိုယ်တော်ချောကအောက်ပိုင်းကိုယ်သာသဘတ်တစ်ထည်ပတ်၍ထွက်လာသည်။‌ မောင့်ရဲ့ body ဟာဆယ်ကျော်သက်တစ်ယောက်ပိုင်ဆိုင်ထားသင့်သည်ထက် ပိုမိုတောင့်တင်း၍သည်။ထို့နောက်မောင်ဟာ ရေစက်တွေတွဲလဲခိုနေသည့်သူ့ခေါင်းကိုမေမီ့ရှေ့ထိုးပေးလာသည်။ထို့နောက်သူ့ကိုင်လာ သည့်သဘတ်ကိုပါ‌မေမီ့ဆီသို့ထိုးပေးသည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now