Part-23(Zawgyi & Unicode)

23.9K 820 17
                                    

(Unicode)

ခန့်ညီတစ်ယောက် ဒယ်ဒီဟိုဖက်နိုင်ငံရောက်သည်ဆိုတော့မှစိတ်ချနိုင်တော့သည်။ထို့ နောက် ခန့်ညီကိုစိတ်ပူနေမှာကျိန်းသေသည့်အမျိုးသမီးငယ်လေးဆီဖုန်းခေါ်ရတော့ သည်။သူမလေးက သူဖုန်းမဆက်မချင်းစောင့်နေလိမ့်မည်။

"Hello...မေမီဇော်"

"အင်း..မောင်အဆင်ပြေရဲ့လား။"

"ပြေတယ်။ အိမ်ပြန်ရောက်ပြီလား"

"ရောက်ပြီ ခုဘဲစာလုပ်နေပြီ။ မောင်ကောဘာလုပ်နေလဲ"

"မောင်လား ဆေးလိပ်ဖွာနေတာ။"

"အဲ့တာဘဲလုပ်‌မနေနဲ့စာလုပ်တော့ မောင်။ငါထပ်မပြောချင်ဘူး။"

"အင်းပါ။ မောင်ခုလုပ်ပါ့မယ်ဗျ။ ဒါဆိုစာကိုစိတ်ဖြောင့်ဖြောင့်နဲ့လုပ်တော့။ မောင် မင်းကိုချစ်တယ်။"

"ငါလည်းမောင့်ကိုချစ်တယ်။"

ခန့်ညီသူမဘက်ကဖုန်းချသွားသည်ထိ၊ သူ
ထိုဖုန်းလေးကိုကြည့်နေမိသည်။သူမက
အေးလွန်းသည်။ ရန်ဆိုရှောင်နေတတ်တဲ့သူမကို မိသားစုအမုန်းတိုက်ပွဲကြားထဲသူ့
တစ်ကိုယ်ကောင်းဆန်မှု့အတွက်နဲ့သူမ‌လေးကိုဆွဲမသွင်းချင်ပေ။

*****

မေမီဇောတ်တစ်ယောက် ကျောင်းမှပြန်ရောက်သည်နဲ့အနားယူလိုက်သည်။ မောင်နဲ့ကအနားယူချိန်တစ်ချိန်သာတွေ့ရသည်။ ကျန်သည့်အချိန်တွေဟာ မေမီ့မှာစာနဲ့သာနပန်းလုံးနေ‌ရသောကြောင့်အဆင်‌မပြေပေ။တစ်ခါတစ်လေကျတော့တွေးမိပါရဲ့ မေမီမောင်နဲ့ပတ်သတ်သည့် မောင့်မိဘတွေအကြောင်းကိုတောင်ဂဂနနမသိရသေးပါ။
ထိုအကြောင်းတွေအတွက်မောင် အဆင်သင့်မဖြစ်သေးလို့ဖြစ်မှာပါလေဟု မေမီဖြည့်တွေးမိသည်။

ကျောင်းစာသင်ခန်းတွင် ဒီနေ့၌သတင်းထူးတစ်ခုဟာပြန့်နှံ့နေသည်။ဧကရီနဲ့ထက်ဦးပိုင် တို့အဆင့်တက်ခြင်းဟုအမည်ရသည့်သတင်းတစ်ပုဒ်ဖြစ်သည်။ မေမီဇော်ဟာဒီသူငယ် ချင်းနှစ်ယောက်အတွက်အပြုံးမျက်နှာဖြင့်ကျေနပ်နေရသည်။
ထက်ဦးပိုင်မှာတော့ပိုပျော်‌ရွှင်နေပုံရသည်။ ချွင်းချက်အနေနဲ့ ‌ဧကရီတစ်ယောက်ကတော့ဒေါသပုံထကာသူတို့အကြောင်းလာစပ်စုသူမှန်သမျှကို သောင်းကျန်းနေသည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now