Part-33(Zawgyi & Unicode)

21.5K 693 51
                                    

(Unicode)

လှပလွန်းတဲ့နေ့စွဲတွေဟာတစ်ငြိမ့်ငြိမ့်နဲ့ကုန် ဆုံးခဲ့သည်။ မေမီဇော်တို့အထက်တန်း အောင်စာရင်းပင်ထွက်တော့မည်။ ဒီတောင်မှာသာ အမှတ်ကောင်းကောင်းနဲ့ရခဲ့ရင်တက်ချင်သည့် Uni ကိုလည်းစိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်သည်။ မောင်ကတော့ပေါ့ပျက်ပျက်နဲ့ရယ်ပါ၊ သူကမအောင်လည်း မေမီအောင်ရင်ပြီးရောတဲ့လေ...ပြောတဲ့ပုံကိုက။

မောင့်ရဲ့ဒီလိုစနောက်တဲ့စကားတွေကြောင့်ပင် မောင့်အတွက်စိုးရိမ်ရသည်။ မောင်အမှတ်ကောင်းကောင်းနဲ့အောင်မယ်ဆိုတာကိုတော့မေမီ့ မသိစိတ်ကကြိုသိနှင့်နေသည်။

ခန့်ညီသော် မေမီ့ကိုပစ်ထားသည်မှာရက်အနည်းငယ်ရှိ‌ပြီဖြစ်သည်။ လကုန်ခါနီးတွင် မေမီ့မွေးနေ့ရှိသည် ထိုမွေးနေ့တွင် မေမီဟာ 18 နှစ်ပြည့်မည်ဖြစ်သည်။တစ်နည်းဆိုသော်လူရာ၀င်ပြီဖြစ်သည်။ မောင်ကတော့အသက်ပြည့်ရန် 3 လနီးပါးလိုသေးသည်။

ညခင်းမှိန်ပြပြအောက် မေမီတို့သွားနေကျ ညဈေးတန်းနားက ပန်းခြံသို့ရောက်ရှိနေခြင်းသာဖြစ်သည်။ မောင်က မေမီ့အကြိုက် Chocolate ice-creamနဲ့ အာလူးချောင်းကြော် လေးကိုတော့မပါမဖြစ်ပါအောင်ကို ၀ယ်ခဲ့ပေးသည်။

"မောင်...စားအုန်းမလား။"

"မင်းသာဗိုက်ပြည့်အောင်စား"

ခန့်ညီ cigarette တစ်လိပ်ကိုမီးညှိရင်းရှိုက်ဖွာမိသည်။ မှုတ်ထုတ်လိုက်တဲ့အငွေ့တွေထဲ သူမကိုသူ မတရားသိမ်းပိုက်ချင်နေတဲ့စိတ်တွေ ပါသွားရင်ကောင်းမယ်...။ဒီလိုအတွေးဆိုးတယ်၀င်လာတိုင်းသူ့ရဲ့ အဖြူထည်လေးကို အားနာမိသည်။ သူမ စိတ်ညစ်သွားမည့်အပြုအမူမျိုး သူမလုပ်ချင်ပါ။ သို့သော် လည်း သူမကိုသူပိုင်ဆိုင်ချင်နေမိသည်။

"ခန့်ညီ...ဘာတွေတွေးနေတာလဲ"

"ခိုးပြေးဖို့...မင်းကို‌ မောင်ခိုးပြေးဖို့တွေးနေတာ။"

မောင်ကသူ့ပခုံးနဲ့ဘေးနားထိုင်နေသည့် မေမီ့ပခုံးကိုအသာအယာတိုက်ချရင်းဆိုသည်။

"ငါငယ်သေးတယ်လေ မောင်ရယ်..။ငါ့အနာ ဂတ်မှာလုပ်စရာတွေအများကြီးရှိသေးတယ်။"

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now