Part-10(Zawgyi & Unicode)

25.4K 911 41
                                    

(Unicode)

‌မနေ့ကကြားခဲ့ရသည့်ခန့်ညီသော်ရဲ့စကားတွေကြောင့် မေမီ ကျောင်းမှာစိတ်နဲ့လူနဲ့မကပ်ပါ။ လွယ်လွယ်ပြောခဲ့တဲ့သူရဲ့စကားတို့ကို ဦးနှောက်ကလက်မခံပေမယ့်၊ နှလုံးသားကတော့ငြင်းဆန်ချင်နေပုံမရပါ။

"မင်းတစ်မနက်လုံး ငါ့ကိုပတ်ပြေးနေတာကလွတ်မယ်ထင်နေလို့လား။"

မေမီ့ပုခုံးပေါ်အနောက်ကနေလက်နဲ့လှမ်းပုတ်ကာဆိုလာသည့် သူ့ကြောင့်ကိုယ်လေးမှာသိမ့်ခနဲတုန်သွားရသည်။‌ မေမီ သူမှန်းသိ၍ ပြေးဖို့ဟန်လုပ်တော့အနောက်ကနေဆွဲထားသည်။

*ကျစ်..သေပြီ!!*

"ပြေးမယ်...ဘယ်ကိုလဲ။"

သူ့မျက်ခုံးကိုပင့်ကာခနဲ့သလိုဆိုလာသည်။

"ဟို...ဆရာမခေါ်ထားလို့"

"လိမ်တယ်!...လာ လိုက်ခဲ့"

မေမီ့လက်အားသူဖမ်းဆွဲကာသူခေါ်သည့်နေရာသို့ပါသွားတော့သည်။ သူခေါ်သွားတဲ့နေရာကသူတို့ဘောလုံးသမားတွေအ၀တ်လဲသည့်အခန်းဖြစ်သည်။ အခန်းထဲရောက်တော့ လူတွေများရှိနေမလားလို့ မေမီမျက် လုံးလေးဝေ့ကာကြည့်မိသည်။

"ဘယ်သူမှမရှိဘူး။ လိုက်ကြည့်မနေနဲ့ လူ ကြောက်မလေးရဲ့"

မေမီ့ထက်အရပ်ရှည်သည့်သူ့ကို မျက်လုံးလှန်ကာသာကြည့်နေလိုက်သည်။သူက မေမီ့နှာဖူးကိုသူ့လက်ညိုးနဲ့ထောက်ထားကာပြောလာသည်။

"ဘာလို့ အဲ့လိုကြည့်တာလဲ"

"ဘာပြောဖို့လဲ...ပြော"

"ငါစဉ်းစားထားခိုင်းတာဘယ်လိုလဲ"

ခုမှတစ်ရက်တောင်မပြည့်သေးတာကိုအထာကြီးနဲ့လာမေးနေသည်။

"တစ်ခါထဲပြောမယ်...ငါ ခန့်ညီနဲ့မတွဲနိုင်ဘူး"

"ပြောပြီးသားလေ။ ငါမကြိုက်တဲ့အဖြေဆိုလဲ ငါ့မှာဘဲပြင်ဆင်ခွင့်ရှိတယ်ဆိုတာ ဒါပေမယ့်မင်းမှာ အချိန်တစ်လရှိပါသေးတယ်။"

"မသိတော့ဘူးဟာ"

"မသိလို့မရဘူး...မင်းအဲ့လိုကန့်လန့်တိုက်နေမယ်ဆို အခုဘဲကလေးတွေကိုငါနဲ့မင်းက‌ ရည်းစားတွေဆိုတာပြောလိုက်မယ်"

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now