Part-26(Zawgyi & Unicode)

23.7K 826 25
                                    

(Unicode)

ဒီစာမေးပွဲပြီးရင်မေမီဇော်တို့အထက်တန်း ကျောင်းသားဘ၀ကိုကုန်ဆုံးရတော့မည်ဖြစ် သည်။ သည်ရက်တွေ အတွင်းပျော်ရွှင်မှုကော၀မ်းနည်းမှုကိုကောရှာတွေ့ခဲ့ရသည်။အကောင်းဆုံးသူငယ်ချင်းဆိုသူတွေနဲ့လည်းခင်မင်ခွင့်ရခဲ့သည်။ မလိုသူတွေရဲ့ဘာမှန်း
မသိပြသာနာတွေရှာခဲ့တာ‌ကိုလည်းခံခဲ့ရဖူး သည်။ကျောင်းတက်နေချိန်အတွင်း မေမီ့အတွက် အကောင်းဆုံးဆုလဒ်အနေနဲ့က တော့မောင့်ကိုပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

"ဟဲ့..မြတ်ဇင်မနေ့ကSC အချိန်၊ငါ့နားဘာလို့လာမထိုင်တာလဲ။"

"ဟာ!...မေမီဇော်ကလည်း ငါ့ကိုသေအောင်သတ်နေတာလား"

"ဟင်...ဘာဆိုင်လို့လဲနင်နဲ့ငါက အရင်ထဲက SCချိန်ဆိုအတူထိုင်နေကြလေ"

"အရင်ကအရင်ကလေ...နင်ဟိုနေ့ကငါ့ကိုခွံ့ကျွေးတာကို ဟိုနတ်ဆိုးကောင်ကမြင်သွားပြီလေ"

"အဲ့တာပြီးသွားပြီလေ။"

"မေမီဇော်...နင်ဟာလေတုံးလိုက်တာဟာ အဲ့လိုတွေ့ပြီးတာတောင် ငါနင့်နားလာထိုင်ရင် ငါ့ကိုဟိုကလာလုပ်မှာပေါ့ဟ၊ သေတွင်းထဲရောက်အောင်ပို့ပေးနေတာလား။"

"ဘာလဲ ခန့်ညီကိုကြောက်နေတာလား?"

မေမီ စနောက်သံဖြင့်ရယ်ကျဲကျဲမေးလိုက်တော့ မြတ်ဇင်က *နင့်ပါးစပ်ပိတ်ထားဆိုသည့်ပုံစံနဲ့ကြည့်လာသည်။*

"ငါ့ကို....ဘုကြည့် ကြည့်မနေနဲ့လာသာထိုင်"

"ပြသာနာတက်ရင် နင့်ဘာသာရှင်း။"

"အင်း။"

မေမီဇော် မျက်လုံးလေးတွေမှေးသွားသည်ထိပြုံးပြရင်းခေါင်းညှိတ်ပြလိုက်သည်။ မေမီဇော် ဒီကျောင်းမှာအခင်ရဆုံးဆိုလို့ ဧကရီ၊ထက်ဦးပိုင်နဲ့ မြတ်ဇင်တို့ဘဲရှိတာ။ ဟိုနှစ်ယောက်ကဘာလိုလိုအသံဖြစ်နေတာကြောင့်အပြင်၊ယွန်းမြတ်နိုးကိုရှင်းထုတ်ဖို့ပါ တပူးပူးတတွဲတွဲဖြစ်နေသည်။ ဧကရီတစ်ယောက် သူ့ရင်ခုန်သံတွေ၊သူ နား‌လည်လာအောင်လို့ထက်ဦးပိုင်နဲ့လွှတ်ထားပေးသင့်သည်။

‌မြတ်ဇင်က မေမီ့ကိုအလျော့ပေးကာအနားသို့ပြန်ရောက်လာသည်။နောက်ဆို မောင့်ကိုမြတ်ဇင်ကိုပြသာနာသွားမရှာဖို့သေချာမှာထားရမည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now