Part-34(Zawgyi & Unicode)

22.2K 759 53
                                    

Unicode

မေမီဇော်...ကောင်းမင်းထက်ခေါ်ဆောင်ရာ ထိုအိမ်ပေါ်သို့တက်လှမ်းသွားလိုက်သည်။ ထိုအိမ်မှာ ကောင်းမင်းထက်နဲ့‌မေမီ့အပြင် မည်သူမျှရှိမ‌နေပါ။ ရွှေရောင်နဲ့ကျွန်းရောင်တို့ကိုရောသုံးထားသည့် အပြင်အဆင်တွေဟာအဆင့်မြင့်ချမ်းသာသည့် စိန်ကုန်သည်မိသားစုအသိုင်းအဝိုင်းကိုရည်ညွှန်းပြနေ သည်။

ကောင်းမင်းထက်၀င်သွားသည့်အခန်းထဲသို့ မေမီပါလိုက်၀င်ခဲ့သည်။

"မေမီ...လာပစ္စည်းကအထဲမှာ"

"အင်း..။"

မေမီဇော်အခန်းထဲသို့တစ်ချက်ဝေ့ကြည့်လိုက်တော့ ထိုအခန်းဟာကောင်းမင်းထက်ရဲ့အခန်းဖြစ်ပုံပေါ်သည်။ထိုအခန်းရဲ့နံရံထက် ပိတ်စ၊ အညိုရောင်တစ်ခုဖြင့်ခြုံလွှမ်းထားသည့်နေရာလွတ်ကမေမီ့ကိုဆွဲဆောင်ထား သည်။

"ကောင်းမင်းထက်!...ပစ္စည်းက"

"အင်း...ဘာဖြစ်လို့လောနေတာလဲ။"

သူက မေမီကို၀မ်းနည်းသံစွတ်သောအသံနဲ့ဆိုလာသည်။

"မေမီ..ငါကလေအစွဲအလမ်းသိပ်ကြီးတာသိလား...။ဟောဒီမှာ ဒီဟာတွေကသက်သေဘဲ"

ကောင်းမင်းထက်က အခုနထဲကမေမီစိတ်၀င်စားနေသည့် အညိုရောင်ပိတ်စကြီးကိုဆွဲဖြုတ်ချလိုက်သည်။ မေမီမှင်သက်သွားခြင်းထက်ကြောက်ရွံ့မိသွားသည်။ များပြားလှသည့် မေမီ့ဓာတ်ပုံတို့ကို နံရံတွင်ကပ်ထားခြင်းသာဖြစ်သည်။ အချို့သောမောင်နဲ့တွဲရိုက်ထားသည့်ပုံတို့တွင် မောင့်မျက်နှာတို့ကိုပင်မွှန်းထားသည်။

"မေမီ...နင် ငါ့အပေါ်အဲ့လောက်ထိစိုးမိုးထားတာ..။ငါ့ဘက်ကိုတစ်ချက်လောက် မငဲ့ဘူးလားဟင်"

"မဖြစ်နိုင်ဘူး!...။ ငါခန့်ညီကိုတကယ်ချစ်မိနေပြီ"

"မေမီ...ငါ့ကိုကြိုးစားဖို့အခွင့်အရေးလေးတော့ပေးသင့်တယ်လေ။"

"တကယ်လို့..စောစောများတွေ့ခဲ့ရင်မေမီ
ကောင်းမင်းထက်ကို စဉ်းစားမိမှာပါ...။အခုကနောက်ကျသွားပြီ..."

သူ့မျက်လုံးတို့ကရွှန်းလဲ့သွားခဲ့သည်။

"အဲ့ဆိုငါ့ကိုမုန်းဘူးမလား...မျှော်လင့်ချက်သေးသေးလေးတော့ရှိသေးတယ်မလား..."

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now