Part-16(Zawgyi & Unicode)

23.1K 861 70
                                    

(Unicode)

ဒီနေ့ရာသီဥတုကအရင်နေ့တွေကလိုပုံမှန်အခြေအနေတွင်ရှိပါသည်။ ချစ်သူကောင်လေးရဲ့ဘောလုံးပွဲကိုအား‌ပေးဖို့သွားရမှာကြောင့်မေမီစိတ်တို့က တက်ကြွနေကာ ရာသီဥတုအခြေအနေဟာလည်း ပိုပြည့်စုံနေသလိုခံစားရသည်။

မေမီ နဲ့ဧကရီတို့နှစ်ယောက် ပွဲမစခင်တစ်နာရီအလိုထဲကပင်ပွဲထဲရောက်နေကြသည်။ မေမီတို့စကားပြောနေသည့်အချိန်တွင်းကွင်း ထဲကျောင်းသားတို့ပြည့်လာသည်။ ဟိုဘက်ကျောင်းနှင့်ဒီ‌ဘက်ကျောင်းပြိုင်ဆိုင်မှုပြင်း ထန်နေသည်မှာ ပွဲမတိုင်ခင်ထဲကဖြစ်သည်။
ပြိုင်ဘက်ကျောင်းတွေဖြစ်သည်နဲ့အညီ တစ်ကျောင်းနဲ့တစ်ကျောင်းကျိန်းသေ အလျော့ပေးကြမည်မဟုတ်ပေ။

Social media ပေါ်မှရန်ပွဲတွေကကွင်းထဲထိပါလာပုံရသည်။

"မေမီ နင်ဘယ်ကျောင်းနိုင်မယ်ထင်လဲ။"

"ငါ့ကောင်လေးပါတဲ့အသင်းနိုင်မှာကျိန်းသေပေါ့၊ ကျိန်းသေငါတို့ကျောင်းဘဲပေါ့။"

‌ဧကရီက မေမီ့ကိုမျက်မှောင်ကြုတ်ကာစိုက်ကြည့်လာသည်ပီးတော့ ပါးစပ်ကပွစိပွစိဖြင့်ဆိုနေ‌သေးသည်။

ကွင်းထဲကစားသမားတွေ၀င်လာတော့မေမီ စိတ်မကြည်ဖြစ်သွားသည်။ အကြောင်းမှာ ကျောင်းရဲ့အဓိက ကစားသမားဖြစ်သည့်အပြင် Captain ပါဖြစ်သည့်မေမီကောင်လေးဟာပွဲထွက်ကစားသမားအဖြစ်ပါ၀င်လာခြင်းမရှိဘဲ အရန်အနေနဲ့သာပါ၀င်ခဲ့သည်။

"ဟဲ့!...မေမီဇော် နင့်ရည်းစားပါရင်နိုင်မှာဆို
ခုတော့ပွဲထွက်ကစားခွင့်တောင်မပါလာဘူး"

"အေးဟယ်။ ဘာဖြစ်သွားတာလဲမသိဘူး လေ့ကျင့်ရင်းဒဏ်ရာတွေဘာတွေရသွားလို့လားမသိဘူး စိတ်ပူလိုက်တာ။"

"မေမီဇော်!...ဟိုဘက်ကျောင်းကလည်း လူစုံနေတာကို ငါတို့ကျောင်းနည်းပြက ဘာလို့
ခန့်ညီသော်ကိုချန်ထားရတာတုန်း။"

"ကျစ်!...စိတ်ညစ်လိုက်တာဟာ။"

ဟိုနေ့က training ဆင်းနေရင်းမေမီအနိုင် ကျင့်ခံရသည်ဆိုသောကြောင့် သူနည်းပြကို အသိမပြေးဘဲ မေမီဆီလာခဲ့တာကိုများ နည်းပြကမကျေနပ်သေးလို့သူ့ကိုထည့်မကန်တာများလား တွေးပူရင်းရင်မှာရူးတော့မည်။

မောင်စေလိုရာ (OC) [Complete] Tahanan ng mga kuwento. Tumuklas ngayon