Part-35(Zawgyi & Unicode)

28.4K 806 51
                                    

Unicode

လရောင်အရှိန်နဲ့ အဝေးပြေးလမ်းမပေါ်မှာ
ကားအနက်လေးတစ်စင်းဟာ ပြေးလွှားနေ သည်။ သံစဉ်တွေကိုမုန်းတီးတဲ့သူဟာအခုတော့ထိုသီချင်းသံစဉ်တွေပြန့်လွင့်ထားရင်းသူပါ ထိုသံစဥ်‌တွေကိုသူနောက်လိုက်ညည်းနေမိသည်။ခန့်ညီပျော်တာပေါ့၊ရူးနေရအောင်ကို ပိုင်ဆိုင်ချင်ခဲ့တဲ့အရာလေးကိုသူလက် တွေ့မှာပိုင်ဆိုင်ခွင့်ရခဲ့လို့...။

ခန့်ညီ သုံးနာရီမတ်တင်းလောက်မောင်းနှင်ပြီးနောက် ကားအနက်လေးဟာကြိုတင်စီစဉ်ထားသည့်ထိုမြို့ပြင်ကခြံ၀န်းသို့ရောက်သွားခဲ့သည်။ ထိုအချိန်ထိတိုင်မေမီဇော်ဟာနိုးမလာသေးပါ။ ဘုန်းမြတ်တို့ဆေးအစွမ်းတော် တော်စွမ်းပုံရပေသည်။ တစ်ကျိုးတည်းပင်အိပ်နေသည်။ ခြံတံခါးနဲ့အိမ်တံခါး‌သော့အသီးသီးတို့ကို ခန့်ညီဆင်းဖွင့်ပြီးသည်နဲ့ကား‌ပေါ်မှသူမကိုယ်လေးကိုသူ သွားပွေ့ချီလိုက်သည်။ အိပ်ပျော်နေသည့် မေမီကိုသူအိပ်ခန်းထဲ ပြန်သိပ်ထားလိုက်သည်။

ခန့်ညီ အိမ်လေးကိုတစ်ချက်လိုက်ကြည့်တော့ နှစ်ထပ်တိုက်လေးဖြစ်ကာ သန့်သန့်ပြန့်ပြန်လေးနဲ့၊ ဥရောပဆန်ဆန်ဆောက်ထားပုံရသည်။ ကားအနောက်ခန်းထဲမှ ဟိုကောင်တွေ၀ယ်ထည့်ပေးလိုက်သည့် ခန့်ညီတို့နှစ်ယောက်စာ အစားအသောက်အချို့နဲ့ပစ္စည်းတွေကိုသွားထုတ်လိုက်သည်။ ဒီ ကောင်တွေဒီတစ်ခါတော့၊ တကယ်ပင်အား ကိုးရပါသည်။အကုန်ထောင့်စိအောင်ကိုသေချာပြင်ဆင်ပေးလိုက်ကြသည်။

မီးဖိုချောင်တွင် ခန့်ညီတစ်ယောက်ပါလာသည့် အစားအသောက်တွေကိုစီထည့်လိုက်သည်။ ခန့်ညီနှုတ်ခမ်းထက်ကိုယ့်ကိုယ်ကိုလှောင်ပြုံးလေးပြုံးလိုက်မိပါသည်။ သူဒီလိုအိမ်အလုပ်တွေတစ်ခါမှမလုပ်‌ဖူးခဲ့ပေ။လုပ်ဖို့နေနေသာ စားချင်တာရှိရင် Chef ကိုခိုင်းနေကြဖြစ်သည်။တစ်ခါတစ်လေဆို dinning room တောင်မလာတော့‌ဘဲအခန်းထဲကိုသာသူပို့ခိုင်းတက်သည်။ အခုတော့သူအချစ်‌ အတွက်နဲ့ကျရှုံးရင်းကျရှုံးနေရပြီ။မားနဲ့ ဒယ်ဒီသာဒီပုံရိပ်တွေကိုတွေ့ရင်သူ့ကိုကျိန်းသေအံ့ဩ၍နေပါလိမ့်မည်။

*Ring...Ring*

ခန့်ညီတစ်‌ယောက်ပါလာသည့် ဖုန်းနှစ်လုံး လုံးကိုစက်ပိတ်ထားလိုက်ခြင်းကြောင့် ၀ယ်ထားခဲ့သည့် ဖုန်းအသစ်ထံသို့ဖုန်း၀င်လာခြင်းသာဖြစ်သည်။

မောင်စေလိုရာ (OC) [Complete] Unde poveștirile trăiesc. Descoperă acum