အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)

Start from the beginning
                                    

" စုန့်မိသားစုက ချီမိသားစုကို အ​ကြွေးတင်မထားပါဘူး ။ ဒါ​ပေမယ့် မင်းမိသားစုက​တော့ ငါ့အ​ပေါ် အ​ကြွေးတင်​နေတယ် !!! "   ​ပြောပြီးတာနဲ့ ချီယန်က တံခါးအပြင်ဘက်ကို ထွက်သွား​တော့သည်။

အတွင်း​ရေးမှူးချူက သိပ်မ​ဝေးတဲ့​နေရာမှာ ဖရဲသီး​လေးကို သူ့လက်​မောင်း​တွေထဲထည့်ကာ အတူတူ ကာတွန်းကား ကြည့်​ပေး​နေသည်။ချီယန်က ​ဒေါသတကြီးနဲ့ ​ပြေးထွက်လာတာကို မြင်တဲ့အခါ သူ ခဏ​လောက် တုံ့ဆိုင်းသွားပြီး ဖရဲသီး​လေးကို ပြန်​ခေါ်သွားလိုက်သည်။

" ဥက္ကဋ္ဌ , အဲဒီကလူ​တွေက ချီလင်း ပြန်လာပြီလို့ ​ပြောပါတယ် ။ ကျွန်​တော်တို့ ဘာလုပ်သင့်လဲ ? "   အတွင်း​​ရေးမှူးချူက ပြင်သစ်ပြတင်း​ရှေ့မှာ မတ်တပ်ရပ်​နေတဲ့ စုန့်ရှီလင်ကို ကြည့်လိုက်သည်။သူ စုန့်ရှီလင်ရဲ့စိတ်ထဲမှာ ဘာ​တွေရှိ​နေလဲဆိုတာ မသိနိုင်​ချေ။

စုန့်ရှီလင် ​ခေါင်းငြိမ့်လိုက်သည်။   " ချီမိသားစုရဲ့ လှုပ်ရှားမှု​တွေကို ဆက်ပြီး ​စောင့်ကြည့်ထား ။ ချီယန်က အ​ရေးကြီးတယ် ။ တကယ်လို့ မင်းတို့​တွေ ဒီအချိန်မှာ သူတို့ရဲ့လှုပ်ရှားမှု​​တွေကို မဖမ်းနိုင်ရင် အကုန်လုံး အလုပ်ထွက်လိုက်ကြ "

အတွင်း​ရေးမှူးချူက အ​လေးအနက် ပြန်​ဖြေလိုက်သည်။   " ဟုတ်ကဲ့ "

ချီမိသားစုမှာရှိတဲ့ လူတိုင်းက တကယ့်ကို ကျိန်စာ​တွေချည်းပဲ ။ တကယ်လို့ အဲဒီနှစ်တွေတုန်းက ချီလင်းသာ ထွက်မသွားရင် ဥက္ကဋ္ဌလည်း ဒီ​လောက်အချိန်အကြာကြီး ချီယန်ကို ထိန်းသိမ်းထားရမှာမဟုတ်ဘူး ။

ဒါ​ပေမယ့် ..........

" ပြီးခဲ့တဲ့နှစ်နှစ်တာကာလမှာ သူတို့ရဲ့ပြင်ဆင်မှု​တွေက အရင်ထက်ပိုပြီး အများကြီး ​စေ့စပ်​နေတယ် ။ အဲဒါ​ကြောင့် ချီမိသားစုတစ်ခုလုံး အခုချိန်မှာ ထွက်မ​ပြေးနိုင်ကြပါဘူး "   အတွင်း​ရေးမှူးချူက သက်ပြင်းချလိုက်သည်။

ဖရဲသီး​လေးက တစ်ခဏ​လောက် ချီတုံချတုံဖြစ်​နေပြီး ​ရှေ့ကိုတိုးလာကာ လုံခြုံမှုရှိတဲ့ ခံစားချက်ကို ​ပေးစွမ်းနိုင်တဲ့ စုန့်ရှီလင်ရဲ့​ပေါင်တံ​တွေကို ဖက်တွယ်ရင်း က​လေးသံ​လေးနဲ့ ​ပြောလိုက်သည်။   " ဦးဦးစုန့် , သား ပါးပါးဆီကို ဖုန်း​ခေါ်လို့ရလား​ဟင် ? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now