အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)

Start from the beginning
                                    

ချီယန်က စုန့်ရှီလင်ရဲ့မျက်၀န်း​တွေကို ​​ကြောက်ရွံ့​နေမိသည်။

" အဲဒါလည်း ​ကောင်းပါတယ် ။ ငါ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်က ကိစ္စကို ​စျေးဆစ်စရာမလို​​တော့ဘူး​ပေါ့ "   စုန့်ရှီလင်က ချီယန် ချက်ချင်း ဖြူ​​ဖျော့လာတာကို မြင်လိုက်ရတဲ့အခါ သူ အံ့သြ​သလို မခံစားရပေ။အဲဒီ​​နောက် သူ အညှာအတာကင်းမဲ့စွာနဲ့ပဲ ဆိုလိုက်သည်။   " စုန့်မိသားစုက ချီမိသားစုဆီမှာ ဘယ်​တော့မှ အ​ကြွေးမတင်​တော့ဘူး ။ ချီယန် , ဒါက ငါတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံ​ရေး အဆုံးသတ်ပဲ "

ချီယန် တုန်လှုပ်​ခြောက်ခြားသွားရသည်။
  " မင်း ငါ့ကို အဲ့လိုမလုပ်နိုင်ပါဘူး ။ ကျန်တဲ့တစ်ဘ၀လုံး ငါ့ကို ​စောင့်​ရှောက်​ပေးသွားပါ့မယ်ဆိုပြီး မင်း ​ပြောခဲ့တာကို ​မေ့သွားပြီလား ? "

" အ​ကြောင်းပြချက်က​တော့ ချီမိသားစုက ကုမ္ပဏီကို တစ်ခါမှ သစ္စာမ​ဖောက်ခဲ့လို့​လေ !! "   စုန့်ရှီလင်က စားပွဲကို ဒုန်းခနဲ ထုချလိုက်သည်။   " ​နောင်ကျရင် ငါ့မိသားစုနဲ့ သီးသန့် မ​တွေ့နဲ့​တော့ ။ မဟုတ်ရင် ငါလည်း အဲဒီကိစ္စကို မင်းအတွက် လျှို့ဝှက်​ပေးထားမှာမဟုတ်ဘူး "

ချီယန်က ​နောက်ကို ​ခြေလှမ်းကျယ်ကြီး တစ်လှမ်း ဆုတ်ကာ   " ဒါ​ပေမယ့် မင်းကို သစ္စာ​ဖောက်ခဲ့တဲ့သူက ငါ မဟုတ်ဘူး​လေ ။ အဲဒါကို မင်းက ငါ့ကို ဘယ်လိုများလုပ်နိုင်မှာ မို့လို့လဲ ? "

" မင်း အမှန်တရားကို သိပါတယ် ။ ဒါ​ပေမယ့် မင်းက ထွက်သွားဖို့ ​ရွေးချယ်ခဲ့လိုက်တယ်​လေ "   စုန့်ရှီလင်ရဲ့နက်ရှိုင်းလှတဲ့ မျက်၀န်း​တွေဟာ ဘယ်အရာကမှ သူ့ကို မတုန်လှုပ်​စေနိုင်သလိုမျိုး ​ရေ​သေကန်ကဲ့သို့ တည်ငြိမ်​နေသည်။

အနည်းဆုံး​တော့ သူ့ရဲ့စိတ်ခံစားချက် အတက်အကျပြောင်းလဲမှုကို ပြုလုပ်နိုင်တဲ့လူက ချီယန် မဟုတ်ဘူးပဲ ။

စုန့်ရှီလင်က ဒီ​လောက်ကြီးထိ အသည်းနှလုံးကင်းမဲ့ကာ ရက်စက်လိမ့်မယ်လို့ ချီယန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး​ပေ။သူ သူ့နှုတ်ခမ်း​တွေကို ကိုက်ဖြတ်ကာ ​ပြောလိုက်သည်။   " စုန့်ရှီလင် , မင်း ​နောင်တရလိမ့်မယ် !! "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now