အပြင်ဘက်ကစားပွဲပေါ်မှာ Steak စားရင်း Northern light ကိုငေးနေတဲ့ Baby မျက်နှာလေးက အေးချမ်းဖွယ်အတိပင်....Jungkook မြတ်နိုးစွာစိုက်ကြည့်နေတာကို Baby ကမသိပေ...
Jungkook ဘဝမှာ Baby ကိုချစ်နေခွင့်ရတာ အကြီးမားဆုံးဆုလာဘ်တစ်ခုပင်ဖြစ်သည်...စစချင်းတစ်ယောက်နဲ့တစ်ယောက်အမြင်မကြည်ခဲ့ကြရာက ဒီလောက်ထိချစ်သွားရလိမ့်မယ်လို့ မထင်ခဲ့မိပေ...
ဆေးလိပ်သောက်ပြီး ဆဲဆိုတတ်တဲ့ အရိုင်းတုံးလေးကို Jungkook ရူးမတတ်ချစ်မိသွားရသည်...ရှေ့ဆက်ပြီးလည်း Baby နားမှာနေရင်း Baby ကိုကာကွယ်စောင့်ရှောက်ရင်း ချစ်ပေးသွားမည်..Baby ကသာသူ့နှလုံးသားရဲ့အရှင်သခင်ဖြစ်သည်...
Jungkook Baby လက်လေးကိုဆွဲယူကာ လက်ထပ်လက်စွပ်ဝတ်ထားတဲ့နေရာလေးကိုနှုတ်ခမ်းနဲ့ဖိနမ်းလိုက်တော့ Baby ကသူ့ကိုကြည့်လာကာ...
"ဘာလဲ Northern light မကြည့်ပဲ... Jeon Jungkook ကြီးက ယောကျာ်းအချောလေး ဆီမှာအပြတ်အသတ်ကျရှုံးနေပြီပေါ့..."
Jungkook ပြုံးလိုက်ရင်း Baby လက်လေးကိုနှုတ်ခမ်းနဲ့ဖိကပ်ကာ...
"အခုကြည့်နေတဲ့ Northern light တွေထက် Baby ကပိုလှတာသိလား...အဲလိုအရမ်းလှပချောမောတဲ့ Baby ဆီမှာ မောင်မပြောနဲ့ နတ်ဘုရားတွေတောင်ကျရှုံးကျရမှာ...."
"စကားတွေတတ်ပြီး မြှောက်ပြောလဲ ရင်မခုန်ဘူးနော်..."
"Baby မောင်ကအတည်ပြောနေတာနော်...."
Jungkook ကပါးစောင်ကိုလျှာနဲ့ထိုးကာ ကြည့်လာတော့ Taehyung Jungkook ပါးကိုလှမ်းဆွဲကာ...
"မောင်က စိတ်ဆိုးမလို့လား....ဒီလောက်ချစ်စရာကောင်းတဲ့ ယောကျာ်းလေးကို စိတ်ဆိုးပစ်တော့မယ်ပေါ့...."
"အဟား..."
Jungkook ကသဘောကျစွာရယ်လာသည်...Taehyung မျက်မှောင်လေးတွေကျုံ့ကြည့်ရင်း....
"တော်ပြီ....ဆိုးချင်ဆိုးမဆိုးချင်နေ..."
"ချစ်တယ် Baby..."
Taehyung ပြုံးစိစိဖြစ်သွားတော့ Jungkook ကဘေးနားလာကာ Taehyung ကိုယ်လေးကိုကောက်ပွေ့ရင်း လေထဲမွှေ့ယမ်းကာ...
"Jeon Taehyung ကိုအရမ်းချစ်ပါတယ်ဗျို့...."
"ဟာ...မောင်...မအော်နဲ့လေ...."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-22 (Final)
Start from the beginning
