Taehyung ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းကာ ပါပါးလူတွေနဲ့ရောလိုက်ခဲ့သည်....Jungkook မသိအောင်ထွက်လာခဲ့ပြီး အိမ်ခဏပြန်သွားတာလို့စာပို့ထားခဲ့တာကြောင့် Jungkook ကိုသိပ်စိတ်မပူပေ...
အမေရိကန်နိုင်ငံထဲဝင်တော့ ပါပါးလူတွေသွားရာ နောက်ယောင်ခံလိုက်ရင်း အဆောက်အဦးကြီးတစ်ခုဆီရောက်လာခဲ့သည်....အရှေ့ကဝင်သွားတဲ့လူတွေရှေ့ခြေလှမ်းကျဲတွေနဲ့သွားကာ ပိတ်ရပ်လိုက်တဲ့ Taehyung ...
Taehyung ခေါင်းကို သေနတ်တွေနဲ့ချိန်လာကာ...
"မင်း ဘယ်သူလဲ ဟိုဘက်ဂိုဏ်းကသူလျှိုလား...
"
Taehyung ဦးထုပ်ချွတ်လိုက်တော့...
"အစ်ကိုလေး Taehyung...ဘယ်လိုလုပ်..."
ပါပါးလူတွေက သေနတ်တွေပြန်သိမ်းကာ တအံ့တသြဖြစ်နေသလို မျက်နှာလည်းပျက်နေကြသည်...Taehyung ဆိုတာ ဒီလိုကိစ္စတွေအတွေ့အကြုံရှိတဲ့သူမဟုတ်မှန်း သူတို့ကောင်းကောင်းကြီးသိလေသည်...
Taehyung ရှေ့ဆုံးကလူရဲ့ ပစ္စည်းသေတ္တာကိုလက်လွှဲယူလိုက်ရင်း...
"ဒီကိစ္စကို ငါဦးဆောင်မယ်...မင်းတို့ဖယ်နေ..."
"မဖြစ်ပါဘူး အစ်ကိုလေး..Boss သိရင်ကျွန်တော်တို့ ပြဿနာတက်မှာပါ..."
Taehyung မျက်နှာတင်းသွားကာ...
"မင်းတို့ မပြောရင် ပါပါးမသိပါဘူး....သိအောင်ပြောတဲ့သူတွေကိုလည်း ငါအရှင်မထားဘူး..."
Taehyung ကစကားဆုံးတာနဲ့ ရှေ့ကနေ အဆောက်အဦးထဲဝင်သွားပြီဖြစ်သည်...အဆောက်ဦးတစ်ခုလုံးက ခမ်းနားထည်ဝါစွာတည်ဆောက်ထားသည်...အတွင်းအပြင်ခဲရောင်ပုတ်ပုတ်နဲ့အရောင်ခြယ်ထားကာ မီးဆိုင်းကြီးတွေချိတ်ဆွဲထားပြီး လက်ထနေလေသည်...
Tiger လူတွေရှိတဲ့ 12 ထပ်ဆီ Lift နဲ့တက်လာတော့ Taehyung နောက်ကလူတွေမှာ မျက်နှာတွေကစိုးထိတ်နေလေသည်...
တံခါးပွင့်သွားပြီး ကျယ်ဝန်းတဲ့အခန်းကျယ်ကြီးထဲ Taehyung တို့အဖွဲ့ကိုခေါ်သွားသည်...Tiger လူတွေက ခါးမှာသေနတ်တွေချိတ်ထားကြပြီး Taehyung တို့လူတွေကို မသိမသာအကဲခတ်နေကြသည်...
"Boss ကခရီးလွန်နေလို့ မနက်ဖြန်မှ ပစ္စည်းလဲမယ်တဲ့ အခုလောလောဆယ် ခင်ဗျားတို့အဖွဲ့အနားယူဖို့ အားလုံးပြင်ဆင်ပေးထားတယ် ဒီညအေးဆေးအနားယူလိုက်ကြပါ..."
ESTÁS LEYENDO
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
