Part-18

14K 1K 86
                                        

Jungkook နိုးလာတော့ မွှန်ထူနေတဲ့ ဆေးလိပ်အနံ့...Jungkook မျက်ခုံးတွေကျုံ့သွားကာ ထကြည့်မိတော့ ပြတင်းပေါက်ကနေ တစ်ဆင့် မိုးရွာနေတာကိုကြည့်ပြီး ဆေးလိပ်သောက်နေတဲ့ Taehyung...

"Baby..."

"အင်း နိုးပြီလား..."

"ဘာလို့ ဆေးလိပ်တွေသောက်နေတာလဲ..."

"ငါကြိုက်လို့လေ...."

Jungkook သူ့နားထလာကာ နှုတ်ခမ်းမှာကိုက်ထားတဲ့ ဆေးလိပ်ကိုဖြုတ်ယူလိုက်ရင်း...

"Baby အဆုပ်က မကောင်းဘူးပြောတယ်...ဆေးလိပ်မသောက်ပါနဲ့လား...."

Taehyung သူ့စကားကြောင့် စိတ်ညစ်ညူးသွားရသည်...ဆေးလိပ်ကိုသူဘယ်လိုဖြတ်နိုင်မှာတဲ့လဲ...

"ငါက တစ်သက်လုံးသောက်လာတဲ့ဆေးလိပ်ကို ဘယ်လိုလုပ်....အွန့်..."

Taehyung နှုတ်ခမ်းအိအိလေးတွေဆီထိကပ်လာတဲ့ Jungkook နှုတ်ခမ်းပါးတွေ ....Taehyung  အငိုက်မိသွားရသည် ...အသိဝင်တော့မှ သူ့ရင်ဘတ်ကြီးကိုတွန်းထုတ်မိရင်း...

"မင်း ဘာလုပ်တာလဲ Jungkook..."

Jungkook လက်တွေက Taehyung ပါးပြင်လေးတွေကို အုပ်ကိုင်လာကာ...

"Baby ဆေးလိပ်သောက်ချင်တိုင်း ကိုယ်နမ်းပေးမယ်...ဆေးလိပ်အစားကိုယ့်နှုတ်ခမ်းတွေကိုပဲ စွဲလမ်းပေးပါ..."

"မင်း ဘာတွေလျှောက်ပြောနေတာလဲ..."

"နော် Baby..."

Taehyung ကိုအလေးအနက်ကြည့်ပြီး ပြောလာတဲ့ Jungkook မျက်ဝန်းတွေထဲမှာ တောင်းဆိုခြင်းတွေပါဝင်သလို မျှော်လင့်ခြင်းတွေပါ ရောနှောနေသည်....ထူးဆန်းစွာ Taehyung မငြင်းဆန်ချင်...

"အင်းပါ..."

"Baby ကိုချစ်တယ်..."

"Jungkook အတူတူကိတ်မုန့်ဖုတ်ရအောင်..."

"အင်း Baby က အတူတူလုပ်ချင်လို့လား..."

Taehyung ကပြုံးကာ ခေါင်းငြိမ့်ပြသည်...

"ဟုတ်ပြီလေ လိုတာသွားဝယ်ရအောင် ခနနေ.."

"အော..."

.. တူ...တူ...

Jungkook ph လာတာမလို့ Jungkook က စားပွဲပေါ်က ph ကိုသွားယူရင်းကိုင်လိုက်ကာ...

💜 Next to You 💜Where stories live. Discover now