Part-7

12.4K 1.1K 32
                                        

Jungkook က မီးသွေးမီးဖိုနားလျှောက်သွားကာ မီးမွှေးမလို့ပြင်နေလေသည်...Taehyung စဉ်းစားနေတာ Jungkook လို ဝန်ကြီးချုပ်သားက မီးဘယ်လိုမွှေးရမလဲသိတယ်တဲ့လား...Jungkook က ဆယ်နှစ်သားအထိ အမေဖြစ်သူနဲ့နေခဲ့တာကြောင့်  မီးလည်းဖိုတက်သလို ဟင်းလည်းနည်းနည်းချက်တတ်ခဲ့သည်..အမေနာမကျန်းဖြစ်တော့ သူပဲပြုစုခဲ့ရတာမလို့ပင်...

"ငါက မီးမွှေးမှာမလို့ အိပ်စရာနေရာမင်းလုပ်ထားလိုက်...."

"အင်း..."

Taehyung ဗီရိုအသေးလေးနားသွားကာ ဖွင့်ကြည့်တော့ ဂွမ်းကပ်အိပ်ရာခင်းရယ် ခေါင်းအုံးတစ်လုံးနဲ့စောင်တစ်ထည်ကိုတွေ့တာကြောင့် ဆွဲထုတ်ကာ အိပ်ရာလေးလုပ်လိုက်သည်....အဝတ်တွေစိုနေတာကြောင့် ဒီပုံအတိုင်းဆိုဖျားမှာအသေအချာ...ဗိုက်လည်းဆာလှပြီ...အပြင်မှာ မိုးကလည်းသည်းကြီးမည်းကြီးရွာနေတော့ ညမှောင်နေလောက်ပြီဖြစ်သည်...

အိမ်အသေးလေးထဲမှောင်ရိပ်သမ်းလာတာကြောင့် Jungkook က မီးအိမ်ထွန်းပေးထားသည် ..မီးဖိုလည်းအရှိန်ရလာတာကြောင့် အခုမှလေထုကနွေးထွေးလာသလိုလိုရှိသည်....

"Kim Taehyung ....အကျီတွေချွတ်လိုက် .."

"ဟမ်..."

"ကျစ်....ခြောက်သွားအောင်မီးနားကပ်ထားရမယ်လေ...မင်းသေချင်လို့လား အစိုတွေဝတ်ပြီး...."

Jungkook ကပြောလည်းပြောသူ့အကျီကိုပါ ချွတ်လိုက်တာမလို့ ဝါကျင့်ကျင့်မီးအိမ်ရောင်အောက်မှာ ကြွက်သားအပြည့်နဲ့တောင့်တင်းကျစ်လစ်တဲ့ Jungkook ခန္ဓာကိုယ်က ယောကျာ်းအချင်းချင်းတောင်မနာလိုချင်စရာ....Taehyung နှာခေါင်းလေးရှုံ့လိုက်ရင်း ....

"ငါက ချွတ်မှဖြစ်မှာလား..."

"ဘာလဲ ငါတွေ့မှာရှက်လို့လား..."

"သေလေ သောက်ရူးကောင်...ယောကျာ်းလေးအချင်းချင်းရှက်စရာလား ..."

Jungkook က Taehyung ကိုမခံချင်အောင်ပြောကာ ဂျင်းဘောင်းဘီကိုချွတ်လိုက်တော့ အောက်ကအားကစားဘောင်းဘီအနက်နဲ့မလို့ Taehyung မဆဲမိတာပဲဖြစ်သည်....

"ဟက်ချိုး....."

Taehyung က နှာထချေတာမို့ Jungkook တုန်တောင်သွားသည်... သူနှာချေတာ အကျယ်ကြီးပဲ...

💜 Next to You 💜Donde viven las historias. Descúbrelo ahora