Part-10

13.8K 1K 69
                                        

Taehyung တို့အိမ်ပြန်ရောက်လာခဲ့ပြီဖြစ်သည်...
အဖျားနည်းနည်းရှိနေသေးတဲ့ Taehyung ကို Jungkook က Family Doctor နဲ့ခေါ်ပြပေးသည်...

Doctor ပြန်သွားတော့မှ Jungkook က Taehyung နားလာထိုင်ရင်း..

"Chief ကိုခေါ်လိုက်မယ်...မင်းအားရှိအောင်စားဖို့လိုတယ်.."

Taehyung မျက်နှာရှုံ့မဲ့သွားရင်း...

"ဘာလုပ်ဖို့လဲ သက်သက်မဲ့ရှုပ်အောင်...."

"အိမ်ပြန်ရောက်မှတော့ ငါမင်းကိုမချက်ပေးနိုင်ဘူးနော် Company မသွားတာကြာနေပြီ..."

"မင်းကို ဘယ်သူကချက်ပေးပါပြောမိလို့လဲ...သောက်ပိုတွေ လာလုပ်မနေနဲ့..."

Jungkook ထရပ်လိုက်ရင်း ...

"ငါသွားပြီ...မင်းအဆင်‌ပြေတာသေချာလား...."

ခေါင်းငြိမ့်ပြတဲ့ Taehyung ‌ကြောင့် Jungkook အခန်းအပြင်ထွက်ကာ Company သွားဖို့ အောက်ထပ်ဆင်းလာလိုက်သည်...ပျက်ကွက်တဲ့ရက်တွေ‌ကြောင့် အလုပ်တွေကပုံနေပြီ...အရေးကြီးအစည်းအဝေးနှစ်ခုလည်း လွတ်သွားရသည်...

Jungkook ကားပေါ်မတက်ခင် အမဲရောင်ဝတ်စုံတွေနဲ့ အစောင့်တွေကို ကြည့်ရင်း...

"Kim Taehyung ကို အားရှိစေမယ့်အစားစာစားဖို့ စီစဉ်ပေးလိုက်ပါ...သူနေလို့မကောင်းရင် ငါ့ကို ph ဆက်ပေး..."

"ဟုတ်ကဲ့အစ်ကိုလေး ..."

"အော် နောက်ပြီး ဒီနေ့ဆိုင်ကယ်မစ်ီးစေနဲ့..."

"ဗျာ...အဲ့တာက..."

Jungkook စကား‌ကြောင့် အစောင့်တွေမှာ တုန်လှုပ်သွားသည်...အစ်ကိုလေး Taehyung က သူတို့တားလို့ရမှာကျနေတာပဲ... Jungkook မျက်နှာပျက်နေတဲ့ အစောင့်တွေကိုကြည့်လိုက်ရင်း...

"ငါက မစီးခိုင်းတာလို့‌ပြောလိုက်..."

"ဟုတ်...ဟုတ်ကဲ့ အစ်ကိုလေး..."

Jungkook က ခေါင်းတစ်ချက်ငြိမ့်ကာ နက်မှောင်‌ပြောင်လက်နေတဲ့ ကားကြီးပေါ် တက်သွားရင်း မောင်းဖို့အချက်ပြလိုက်သည်...

နေ့လည်ရောက်တော့ Taehyung အခန်းထဲနေရတာ ပျင်းလာတာ‌ကြောင့် အောက်ထပ်ဆင်းလာတော့ အ‌ပေါ်ထပ်ရော အောက်ထပ်မှာရော ပြည့်နေတဲ့အစောင့်တွေ....

💜 Next to You 💜Where stories live. Discover now