Taehyung နဲ့သူ အဲ့ညကတည်းကရင်း မျက်နှာချင်းမဆိုင်ဖြစ်ကြပေ...ဒီနေ့လည်း Taehyung နဲ့မဆုံအောင် Company ကိုစောထလာခဲ့မိသည်..မနက်ဖြန် Taehyung က New York သွားမှာမလို့ သူလိုက်ဖို့ပြင်ထားမိသည်...သူ့ Hyg ဆိုတဲ့လူနဲ့တစ်ယောက်ထဲပေးမတွေ့နိုင်ပါ....
အပြန်လမ်းမှာ Min အမေကိုတင်ထားတဲ့ ဆေးရုံဆီခနဝင်ကြည့်မိသည်....Min အမေက Jungkook လက်လေးကိုကိုင်ထားပြီး.....
"သားလေးကိုစောင့်ရှောက်ပေးပါနော်...အန်တီမင်းကိုအပ်ပါတယ်..."
Jungkook ပြုံးပြလိုက်ရင်း...
"အန်တီ့ခွဲစိတ်မှုက အောင်မြင်မယ့်ဟာ ဘာလို့အဲ့လိုစကားတွေပြောနေတာလဲ ....ခွဲတဲ့နေ့ကျ ကျွန်တော် Min နဲ့အတူစောင့်ပေးမှာပါ ....ကျန်းကျန်းမာမာထွက်လာရမယ်နော်.."
Jungkook စကားကြောင့် Min အမေကပြုံးပြသည်...
Jungkook Min အမေနဲ့တွေ့ပြီး Min ဆိုင်ကိုဝင်လာခဲ့သည်....Min ကသူဝင်လာတာမြင်တော့ပြုံးပြလိုက်ရင်း...
"Kook...."
"အင်း Min.... ပြောစရာရှိတယ် Min ကို...."
"ဘာပြောမလို့လဲဟင်..."
Jungkook ဆိုင်ထဲကိုဝေ့ကြည့်လိုက်တော့ လူနည်းနည်းများနေတာနဲ့ ....
"ကိုယ် ကားပေါ်ကနေစောင့်နေမယ် ...."
"အင်း Kook...."
ခနကြာတော့ Min ကသူ့ကားထဲဝင်လာခဲ့သည်...Jungkook သက်ပြင်းဖွဖွချလိုက်ရင်း ပြောသင့်မပြောသင့်ဆုံးဖြတ်နေမိသည်...
"Kook ပြောစရာရှိတယ်ဆို...ပြောလေ..."
Jungkook ဆုံးဖြတ်လိုက်ပြီ ...သူပြတ်သားမှရမယ့်ကိစ္စတွေမို့လို့...
"Min.....ကိုယ် Taehyung နဲ့ကွာရှင်းဖြစ်မှာမဟုတ်ဘူး..."
"ဟင်...."
"ကိုယ် Min ကိုတောင်းပန်ပါတယ်...Min ဆီကိုယ်လာခဲ့မယ်လို့ မျှော်လင့်ချက်ပေးခဲ့မိလို့...."
Jimin ချစ်ရသူရဲ့မျက်ဝန်းတွေကိုကြည့်မိသည်...သူ့ကိုခွင့်လွှတ်ဖို့တောင်းပန်နေတဲ့မျက်ဝန်းတွေထဲ အချစ်ရှိမလား ရှာကြည့်နေမိသေးသည်...Kook မျက်ဝန်းတွေမှာ သူ့အပေါ်အပြစ်လုပ်ထားမိလို့ အားနာတဲ့ပုံစံမျိုးကလွဲပြီး အရင်လို အချစ်တြွေပည့်နေတဲ့မျက်ဝန်းမျိုးမဟုတ်တာတွေ့ရသည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
