Part-22 (Final)

23.8K 1K 62
                                        

Taehyung တို့ Norway သွားဖို့ လေယျာဉ်ကွင်းမှာဖြစ်သည်...1 နှစ်ပြည့် Anni ကျမှထွက်တဲ့ ဟန်းနီးမွန်းခရီးလို့ဆိုရမလား...ချက်ချင်းခရီးတွေထသွားချင်နေတဲ့ Jungkook ကြောင့် Norway ကိုသွားဖို့ရွေးလိုက်ချင်းဖြစ်သည်...

လေဆိပ်ထဲမှာပဲ လတ်မှတ်အပ်တဲ့နေရာမှာ Taehyung ပုခုံးပေါ် ခေါင်းလေးတင်လာတဲ့ Jungkook....

"မောင် ပင်ပန်းလို့လား...."

Taehyung ကမေးတော့ Jungkook က မှီထားရက်ကခေါင်းလေးအသာညိတ်ပြလေသည်...Taehyung သူ့ခေါင်းလေးကို မသိမသာလေးပြန်ထိကပ်လိုက်ရင်း...

"မောင့်အနားမှာ ငါရှိတယ်နော်..." လို့ သဘောရတဲ့ပုံစံမျိုးလေးလုပ်ပြတာကို Jungkook ကနားလည်သည့်အလား Taehyung လက်မောင်းလေးကိုကိုင်ထားသည်....

နာရီပေါင်းများစွာ လေယျာဉ်စီးပြီးနောက် Taehyung တို့ Norway ကိုရောက်လာခဲ့သည်...ဆောင်းရာသီမို့ Norway တစ်နိုင်ငံလုံးနှင်းတွေနဲ့ဖုံးလွှမ်းနေလေသည်....

Taehyung တို့တည်းတဲ့အိမ်လေးတွေက တောင်ကုန်းပေါ်မှာရှိကာ အေးဆေးတိတ်ဆိတ်ပြီးသာယာလှသည်...

အိမ်လေးထဲဝင်ဝင်ချင်း နွေးထွေးသွားသလို ခံစားလိုက်ရကာ အနည်းငယ်ပင်ပန်းနေပုံရတဲ့ Jungkook ကိုအခန်းထဲခေါ်လာရင်း....

"ခနအိပ်လိုက်နော်မောင်..."

"Baby ရောအိပ်...."

ကုတင်ပေါ်မှာထိုင်နေတဲ့ Jungkook က ရပ်နေတဲ့ Taehyung ခါးလေးကနေဆွဲကာခေါင်းကိုမှီထားရင်း ကလေးလိုဂျီကျနေသည်...

Taehyung Jungkook ခေါင်းကိုပွတ်သပ်ပေးလိုက်ရင်း....

"ငါ ရေချိုးဦးမယ် မောင်...နော်...နောက်ရက်ကျ Northern light သွားကြည့်မှာနော် လိုက်ပို့ရမှာ..."

"အင်း Baby ကြောင့် ဒီကိုလာတာလေ Northern light ကြည့်ချင်လို့ဆို... Baby မြင်ရဖို့အဓိက ဦးစားပေးပဲလေ...မောင်က Baby နားရှိနေရင် ရပြီ..."

Taehyung ကပြုံးနေရင်း Jungkook မျက်နှာကိုမျက်ဝန်းဝိုင်းတွေနဲ့စိုက်ကြည့်ကာ...

"မောင့်ကို ငါချစ်လိုက်တာ...."

"မောင်က အရင်စချစ်တာပါနော်...Baby ထက်ပိုချစ်တယ်..."

💜 Next to You 💜Nơi câu chuyện tồn tại. Hãy khám phá bây giờ