Part-4

10.2K 973 54
                                    

Taehyung နဲ့ Jungkook တို့ရဲ့အိမ်ထောင်ရေးဟာ ထိုအတိုင်းပင် အေးစက်စက်ဖြစ်ခဲ့သည်...အချစ်မပါတဲ့ယောကျာ်းသားနှစ်ယောက်ရဲ့ပေါင်းစပ်မှုဟာ မခါးသက်ရင်တောင် ချိုမြိန်မှုကင်းဝေးနေတာအမှန်ပင်...

မနက်ဆို Jungkook က အရင်ထပြီး Company သွားသည်...Taehyung က နေမြင့်မှထပြီး ဆိုင်ကယ်တစ်စီးနဲ့လျှောက်လည်ပတ်သည်...Taehyung ကစီးပွားရေးလည်းမလုပ်ပေ စိတ်လည်းမဝင်စား...Taehyung စိတ်ထဲမှာ သူ့ပါပါးရဲ့မှောင်ခိုအလုပ်တွေကို မကြိုက်တာကြောင့် ဘာအလုပ်မှမလုပ်ပေ...

Newyork မှာကျောင်းဆက်တက်ဖို့စီစဉ်ပြီးကာမှ ကျောင်းထွက်ခဲ့သည် ...တကယ်တမ်း Taehyung အခုလို အဆိုးအပေလေးဖြစ်လာတာ Hoseok ပညာတော်သင်သွားကတည်းကရင်းဖြစ်လေသည် ...အရင်က Taehyung က လိမ္မာသည်...မကောင်းတာဘာမှမလုပ် ..အခု Taehyung က ဆိုးသည်...ဆေးချတာကလွဲရင် အကုန်လုပ်သည်...

Jungkook ကလည်းဘာမှမပြောပေ...Taehyung နဲ့တစ်နေ့နေလို့ စကားတစ်ခွန်းတောင်မပြောဖြစ်ကြ ...Taehyung အလုပ်မလုပ်လည်း ဘာမှဖြစ်သွားတာမဟုတ်ပေ..ဆိုင်ကယ်တစ်စီးနဲ့ပတ်သွားနေကာ  ညဆို သူ့ထက်နောက်ကျမှပြန်လာတတ်သည်...ကားတွေအစီးပေါင်းများစွာထည်လဲစီးနိုင်တဲ့ Taehyung ဟာ အဲ့ဒီဆိုင်ကယ်ကိုပဲ ဘာလို့တစိုက်မတ်မတ်စီးနေလည်းဆိုတာမသိပေ....

ဒီနေ့ Taehyung အိမ်ပြန်ရောက်တာစောသည် .. Jungkook ဧည့်ခန်းမှာ Computer တစ်လုံးနဲ့အလုပ်ရှုတ်နေတုန်း ဆိုင်ကယ်ကိုလျှပ်စီးလိုအရှိန်နဲ့စီးဝင်လာကာ အပေါ်ထပ်တက်ဖို့ပြင်နေသည် ..Jungkook ကိုမြင်တော့ ဧည့်ခန်းကိုတန်းတန်းမတ်မတ်လျှောက်လာကာ ဝင်ထိုင်ရင်း....

"Jeon Jungkook....Public မှာတော့ ဆင်ခြင်ပေးမယ်မလား အနေအထိုင်တွေကို...."

Jungkook မျက်ခုံးတွေကျုံ့လိုက်ရင်း Taehyung ကိုစူးစူးရဲရဲကြည့်လိုက်သည်.....

"ဘာကိုပြောချင်တာလဲ..."

"မင်း ဒီနေ့ဘာလုပ်ခဲ့လဲ သိမှာပေါ့....မင်းသိထားဖို့က အခုတစ်နိုင်ငံလုံးမင်းနဲ့ငါယူထားတယ်ဆိုတာသိတယ်...မင်္ဂလာဆောင်ထားတာ တစ်လမပြည့်သေးတာတောင် မင်းအဲ့လောက်ထိမဆင်ခြင်နိုင်ဘူးလား..."

Jungkook သိလိုက်ပြီ....မနက်က Shopping Mall ဘက်မှာ Min နဲ့တွေ့လို့ ခနစကားပြောဖြစ်တာ...Min က အဲ့နေ့ကတည်းက သူ့ကိုမဆက်သွယ်တော့တာပဲဖြစ်သည်...အခုလည်း ကိုယ်ပိုင် Cafe ဖွင့်ချင်လို့ Jungkook ကိုသဘောရိုးနဲ့ပြောပြချင်းဖြစ်သည်.....ပြီးတော့ အနေအထိုင်ဆင်ခြင်ရအောင် သူနဲ့ Min ကဘာမှလုပ်နေတာလည်းမဟုတ်....

💜 Next to You 💜Where stories live. Discover now