Part-6

10.3K 983 28
                                    

စတော်ဘယ်ရီခင်းရောက်တာနဲ့ပြေးလွှားနေတဲ့ Taehyung....Taehyung ပိုင်တဲ့စတော်ဘယ်ရီခင်းက မျက်စိတစ်ဆုံးကျယ်ပြန့်ပေသည်...ဒီကောင်သူ့ပါပါးနဲ့သာ မတည့်တာ သူ့ပါပါးက သေချာလုပ်ပေးထားတာပဲ....သူတို့ဝင်လာတော့ စိုက်ခင်းထဲက ဝန်ထမ်းတွေက ဦးညွတ်ကြသည်....Taehyung က ခေါင်းဆတ်ကာ နှုတ်ဆက်တော့မှ လုပ်စရာရှိတာတွေဆက်လုပ်နေကြသည်...

Jungkook က ဘောင်းဘီအိပ်ထဲလက်ထည့်ကာ ဖြေးဖြေးချင်းလျှောက်ရင်း ပျော်မြူးနေတဲ့ Taehyung ကိုကြည့်နေမိသည်...သူတို့က အခင်းအလယ်ထိရောက်လာကာ တစ်ဖြည်းဖြည်းနဲ့ ဝန်ထမ်းတွေက အဝေးမှာကျန်ခဲ့သည်...

...တစ်ဆိတ်သူ့ခြေထောက်က ကောင်းသွားပြီလား...

"Kim Taehyung..."

စတော်ဘယ်ရီကို စင်လေးတွေနဲ့စနစ်တကျစိုက်ထားတာမလို့ Jungkook တို့ရင်ဘတ်ထိမြင့်ပေသည်...ခူးစားရလည်းလွယ်တာကြောင့် နီရဲမှည့်နေတဲ့စတော်ဘယ်ရီတွေက Taehyung လက်ထဲမှာဘဝပျက်ကုန်သည်...ခြင်းထဲကိုမရောက်ဘဲ ခူးသမျှပါးစပ်ထဲတန်းထည့်တဲ့ Taehyung...Jungkook ခေါ်နေတာလည်းမကြားပေ...

"Kim Taehyung...."

Jungkook အနားရောက်သွားမှ လှည့်ကြည့်လာကာ စတော်ဘယ်ရီဝါးလက်စကြောင့် ပါးတစ်ဖက်ကဖောင်းနေသေးသည် ....အခုပုံစံက ဂျစ်ကန်ကန် Taehyung ပုံစံပျောက်ပြီး အပြစ်ကင်းတဲ့ကလေးပုံလေးဖြစ်နေလေရဲ့....

"Jungkook စားမလား ရော့...."

စတော်ဘယ်ရီကြီးကြီးတစ်လုံးကို Jungkook မျက်နှာရှေ့ထိုးပေးလာသည် .....Jungkook လက်ကိုတွန်းဖယ်လိုက်ရင်း...

"ခြေထောက်က ပြေးလို့တောင်ရပြီဆိုတော့ ကောင်းနေပြီပဲ..."

Jungkook ပြောမှ Taehyung ခြေထောက်လေးကိုငုံ့ကြည့်မိသည်...Gucci ကွင်းထိုးလေးစီးထားတဲ့ခြေထောက်မှာ ပတ်တီးအဖြူလေးရှိပေမယ့် နာကျင်မှုကိုမခံစားရ....

"အဲ ကောင်းသွားပြီထင်တယ်...."

Jungkook ကခေါင်းတဆတ်ဆတ်ငြိမ့်ကာ...

"ဒါဆို ငါ့ကိုဘာလို့ လိုက်ပို့ခိုင်းတာလဲ..."

Taehyung မျက်လုံးတွေဝိုင်းစက်သွားတာတွေ့လိုက်ရသည်....

💜 Next to You 💜Where stories live. Discover now