Jimin ဆိုင်ထဲကိုဝင်လာတဲ့ လူနှစ်ယောက်ကြောင့် မျက်လုံးလေးတွေဝိုင်းသွားသည်....တစ်ဆက်တည်း မျက်နှာလွှဲကာ ရှောင်ထွက်ဖို့ပြင်တော့....အနီရောင် Suit ဝတ်စုံနဲ့လူက Jimin ရှေ့ပိတ်ရပ်လိုက်ရင်း...
"Min....လို့ခေါ်တယ်ထင်တယ် Jeon Jungkook က ... ကျွန်တော့်အတွက် စတော်ဘယ်ရီကိတ်တစ်လုံးနဲ့ ချောကလက်ပူပူတစ်ခွက်ချပေးပါ"
"Nae...."
Jimin ဆိုင်အနောက်ထဲဝင်သွားတော့မှ Taehyung က လွတ်တဲ့စားပွဲဝင်ထိုင်ရင်း ဒီအခြေအနေကို မှင်သက်နေတဲ့ Jungkook ကို မေးဆက်ကာ...
"မထိုင်ဘူးလား....."
Taehyung စကားကြောင့် Jungkook အသိဝင်ကာ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ရင်း...
"ဘာရည်ရွယ်ချက်လည်း...."
"ဘာကိုလဲ...."
"Min ကိုမင်းသိနေတယ် ဟုတ်လား..."
"မဆန်းဘူးမဟုတ်လား..."
"ဘာ....."
စားစရာတွေလာချပေးတဲ့ Min လက်လေးတွေက တုန်ယင်နေခဲ့သည်...Jungkook ရှေ့နွားနို့တစ်ခွက်ချပေးကာ ငှက်ပျောသီးကိတ်တစ်လုံးလည်းချပေးတာကြောင့် Taehyung က.....
"JungKook ကမမှာဘူးထင်တယ်...ဒါမှမဟုတ် သူ့အကြိုက်တွေကိုသိနေတာများလား...."
"ဗျာ...မဟုတ်..."
"Min...သွားတော့ သူ့ကိုအဖက်လုပ်မနေနဲ့..."
"မသွားနဲ့ဦး....မေးချင်လို့ Jungkook ကိုချစ်ရက်နဲ့ဘာလို့ ပိုင်ဆိုင်ဖို့မကြိုးစားခဲ့တာလည်း.."
"Kim Taehyung...."
"မဟုတ်ပါဘူး ...ကျွန်တော် Jungkook ကိုမချစ်ဘူး..."
Jimin စကားကြောင့် Jungkook အံ့သြသွားလေသည်....Taehyung က ပြုံးကာ...
"သူရဲဘောကြောင်တဲ့ချစ်သူကြောင့် နာကျင်နေရမှာပဲ...Jungkook နဲ့ မကြာခင် ကွာရှင်းမှာမလို့ ဒီတစ်ခါအခွင့်အရေးရတဲ့အခါ ချစ်ရတဲ့သူကိုဆွဲထားပါ..ကျွန်တော်လည်း အဲ့လိုလုပ်မှာမို့လို့...ကိတ်အရသာလေးကောင်းသားပဲ ..ကျေးဇူး.."
ထထွက်သွားတဲ့ Taehyung ကို Jungkook ရော Jimin ပါကြည့်နေမိသည် ...Taehyung ဘာတွေပြောသွားတာလဲ .....
ESTÁS LEYENDO
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
