"Jeon Jungkook ဘယ်မှာလဲ...."
Company ထဲထိရောက်လာပြီး တင်းမာနေတဲ့မျက်နှာထားနဲ့မေးလာတဲ့ Taehyung ကို ဘေးနားက ဝန်ထမ်းအချို့ကြည့်ကွက်ကြည့်ကွက်လုပ်နေကြသည်..နောက်က Taehyung အစောင့်တွေမှာလည်း မျက်နှာကစိုးထိတ်နေကြဟန်ရှိသည်...
"အိုး Boss အမျိုးသားပဲ....Boss က သူ့ရုံးခန်းထဲမှာပါ ကျွန်မနောက်လိုက်ခဲ့ပါ..."
Jungkook အတွင်းရေးမှူးမ က Taehyung ကိုမြင်တာနဲ့ချက်ချင်းသိသွားကာ Jungkook ဆီခေါ်သွားပေးသည်...
Jungkook မန်နေဂျာနဲ့ စာရင်းတွေစစ်နေတုန်း တံခါးကပွင့်လာကာ မြင်လိုက်ရတဲ့ တင်းမာခက်ထန်နေတဲ့ Taehyung မျက်နှာကြောင့် သဘောပေါက်သွားမိရင်း ....
"အားလုံးထွက်သွားကြ...ငါနဲ့ Taehyung ပဲရှိနေချင်တယ်..."
Jungkook စကားကြောင့် အကုန်ထွက်သွားပေးသည်....တံခါးပိတ်သွားတာနဲ့ Taehyung က Jungkook ဆီရောက်လာကာ မျက်နှာကိုလက်သီးနဲ့ထိုးချလိုက်တော့သည်...
...ခွပ်...
Jungkook နှုတ်ခမ်းထောင့်ကစပ်ဖျင်းဖျင်းခံစားရကာ သွေးစို့နေတာကိုခံစားရသည်...
"မင်းဘာလို့ ငါ့ဆိုင်ကယ်ကို ဖျက်ဆီးပစ်ရတာလဲ...ဟမ် သောက်ရေးမပါတာ..."
"အဲ့ဒီ ဆိုင်ကယ်ကြောင့် မင်းထိခိုက်ရတာလေ ..ငါမမြင်ချင်လို့..."
...ခွပ်....
Jungkook မျက်နှာတစ်ပတ်လည်သွားရသည်...ဒီတစ်ခါထိုးချက်ကအားပြင်းတာမလို့ မျက်နှာတစ်ခုလုံးနာကျင်နေသည်....
Taehyung က အသားတွေတဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်နေကာ Jungkook ကိုမုန်းတီးစွာကြည့်နေလေသည် ..
"မင်းမမြင်ချင်တိုင်း သူများတန်ဖိုးထားတဲ့ပစ္စည်းကိုဖျက်ဆီးရလား...ငါ့အတွက်လို့မပြောနဲ့ Jungkook... မင်းငါ့ကို အဲ့လောက်တောင်မုန်းနေလား..."
"ဆိုင်ကယ်လေး တစ်စီးပဲ အဲ့ထက်ကောင်းတာငါပြန်ဝယ်ပေးလို့ရတယ်..."
Jungkook စကားကြောင့် Taehyung မေးကြောတွေထောင်တဲ့အထိ အံကြိတ်လိုက်ရင်း...
"မင်း သောက်ပါးစပ်ကိုပိတ်ထားလိုက်...."
...ခွပ်...ခွပ်...
ESTÁS LEYENDO
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
