Part-8

12.7K 1K 33
                                        

မနက်ခင်းရဲ့အလင်း‌ရောင်‌ကြောင့် Taehyung အိပ်လို့မရတော့ ...ညကတည်းကမုန်တိုင်း‌ကြောင့် သည်းထန်စွာရွာနေတဲ့မိုးဟာ ခုထိမပျက်...အိမ်ခေါင်မိုးပေါ် မိုးရေကျသံ‌တွေက တ‌ဗြောင်း‌ဗြောင်းဆူညံနေလေသည်...

တစ်ကိုယ်လုံးလှုပ်မရတဲ့ခံစားချက်‌ကြောင့် Taehyung မျက်လုံးတွေဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး အလင်းရောင်နဲ့အသားကျပြ်ီဆိုမှ သူ့ကိုဖက်တွယ်ထားတဲ့လက်တွေကိုကြည့်မိသည်...သူဘယ်တုန်းကမှအခြားသူစိမ်းတစ်ယောက်နဲ့အတူမအိပ်ဖူးချေ...ထို့‌ကြောင့် နိုးကတည်းက ခံစားချက်ကြီးကထူးဆန်းနေသည်...

တစ်စုံတစ်ယောက်ကအတွေးထဲဝင်လာတော့....

"F...k Jungkook လက်ကြီးဟ..."

Taehyung လက်တွေက သူ့ကိုတင်းကြပ်စွာဖက်ထားတဲ့ Jungkook လက်‌တွေကိုအမြန်ဖြုတ်ချကာ ထထိုင်မိသည်...ထို့နောက် Jungkook ‌ခြေထောက်ကို သူ့‌ခြေထောက်နဲ့ကန်ကာ...

"Jungkook....Jeon Jungkook ထစမ်း‌ဟေ့ရောင်..."

"ကျစ်...."

Taehyung ကန်နှိုးနေတာ‌ကြောင့် Jungkook မျက်ခုံးတွေက တွန့်ချိုးသွားကာ ကျစ်ခနဲစုတ်သတ်ပြီး ဟိုဘက်ပြန်လှည့်ကာ အိပ်သွားပြန်သည်... Taehyung ကို ဒါမျိုးတော့လာလုပ်လို့မရပေ...

"Jungkook....ဟေ့ရောင် Jungkook... ထစမ်း မင်းနဲ့ငါ စာရင်းရှင်းမှရမယ်.."

Jungkook နားထဲ မိုးမလင်းခင်က ဆူညံပွက်လောရိုက်နေတဲ့ Taehyung အသံကကြီးကြီးမားမားဆူညံနှောင့်ယှက်နေသည်... Jungkook စိတ်ကတိုသွားရသည်...အိပ်ကောင်းနေတုန်းနှိုးတာကို Jungkook အလွန်မုန်းပါသည်...

"စောစောစီးစီး....ဘာလဲကွာ...မင်းနဲ့ကျမှ အိပ်လို့ကိုမရဘူး ဆူညံနေတာပဲ..."

"မင်းဘာလို့ ငါ့ကိုဖက်ထားတာလဲ...မင်းအကောင်များမှတ်နေတာလား...Shitt.."

Jungkook Taehyung စကား‌ကြောင့် အိပ်ချင်မူးတူး မျက်လုံးပင် Auto ပြူးကျယ်သွားကာ ငုတ်တုပ်ထထိုင်ရင်း....

"ဘာ...ငါကမင်းကိုဖက်ထားတယ် ဟုတ်လား..."

"အေး ဟုတ်တယ်...အသားထိတာမကြိုက်ပါဘူးဆိုမှလူကို ဖက်တောင်အိပ်ရသလား..."

💜 Next to You 💜Where stories live. Discover now