Part-9

12.6K 1K 40
                                        

Taehyung မနက်နိုးလာတော့ Jungkook က နဖူးပေါ်ရေဝတ်တင်ပေးနေလေသည်...

"ငါတို့ ဒီနေ့ညနေ ရာသီဥတုသာယာတာနဲ့ ပြန်မယ်...မင်းအကြာကြီးဖျားနေမှာ.."

"အင်း...မင်းငါ့ကို တစ်ညလုံးပြုစုပေးနေတာလား..."

Jungkook က ရေထည့်ထားတဲ့ခွက်ထဲ အဝတ်ရေစိုကိုရေညှစ်နေရင်း....

"မင်းစားဖို့ ငါဆန်ပြုတ်လုပ်ထားတယ် ဆန်ရှိနေတာနဲ့...နည်းနည်းစားလိုက်မလား..."

"အင်း ငါမျက်နှာမသစ်ရသေးဘူးလေ...."

Jungkook က Taehyung မျက်နှာကို ရေစိုဝတ်နဲ့ခပ်ဖွဖွသုတ်ပေးရင်း...

"အခု ငါသစ်ပေးနေတာပဲလေ..."

Taehyung သူ့မျက်လုံးတွေကိုမကြည့်ရဲ...ထို့‌ကြောင့်အကြည့်လွှဲလိုက်ရင်း...

"သွားတိုက်ချင်တယ်..."

Jungkook က ထသွားကာ သွားတိုက်‌တံကို ‌သွားတိုက်ဆေးထည့်ပေးလာရင်း ရေတစ်ခွက်ကမ်းပေးသည်...

Taehyung သွားတိုက်ပြီးတာနဲ့ Jungkook ကအငွေ့တထောင်းထောင်းဆန်ပြုတ်ပန်းကန်ကိုယူလာပေးသည်... Taehyung နှာခေါင်းရှူံ့ လိုက်မိသည်...သူဘယ်တုန်းကမှ လူမမာစာတွေမစားခဲ့ဖူးပါ.
..

ငယ်တုန်းကတည်းက တစ်ယောက်ထဲနေရတာမလို့ ဖျားရင်တောင် တစ်ယောက်ထဲနေခဲ့ရသည်...Hyg ဆိုတာကလည်း သူအရွယ်ရောက်မှ သူတို့အိမ်ရောက်လာတာကိုး...သူဖျားနေတုန်း Hyg ရှိရင်တော့ Hyg က နားဝင်အောင်ဖျောင်းဖျပြီး ကျွေးတတ်သည်....Hyg စကားအကုန်နားထောင်ပေမယ့် လူမစာစာကျွေးရင်တော့ သူဘယ်တော့မှ နားမထောင်ခဲ့ပေ..စားလည်းမစားခဲ့...ဒါပေမယ့် အခုက Jeon Jungkook..

Taehyung မျက်ခုံးလေးကျုံ့ကာ စိတ်ရှုတ်နေတာကို Jungkook ရိပ်မိပါသည်...ဒီကောင်ဖျားလို့စိတ်ညစ်နေတာများလား....

"မစားဘူးလား...."

သူ့စကား‌ကြောင့် မျက်လုံးဝိုင်းတွေနဲ့မော့ကြည့်လာကာ....

" ငါမစားလို့..."

"မရဘူး.....ဒါအိမ်မှာမဟုတ်ဘူး Kim Taehyung...အစားရွေးနေလို့မရဘူး..."

Jungkook စကား‌ကြောင့် မသိမသာနှုတ်ခမ်းဆူသွားတာကို Jungkook မြင်ဖြစ်အောင်မြင်လိုက်သည်...ဖျားရင်ကလေးလိုပဲ...

💜 Next to You 💜Dove le storie prendono vita. Scoprilo ora