နှစ်လကြာခဲ့ပြီ ....အတိအကျပြောရမယ်ဆို Jungkook တစ်ယောက်ဆေးရုံပေါ်မှာမေ့မျောနေတာ နှစ်လကြာခဲ့ပြီ....
မျက်ဝန်းတွေမှေးမှိတ်နေတဲ့ Jungkook မျက်နှာက ချောမောမှုတွေက လျော့တောင်မသွားပေ...ရှုတ်ယှက်စွာ သွယ်တန်းနေတဲ့ ဆေးပိုက်တွေကြားမှာ ငြိမ်သက်စွာလှဲလျောင်းနေတဲ့ Jungkook....
Taehyung လက်ချောင်းတွေက Jungkook လက်တွေထဲထည့်ထားကာ ဆုပ်ကိုင်ထားသည်...နေ့စဉ်နေ့တိုင်း Jungkook ကိုသူအဖော်ပြုရတာ မပင်ပန်းပေမယ့် ဘယ်ချိန်သတိရမလဲ မျှော်လင့်နေရတာ ပင်ပန်းသည်...
Jungkook ရဲ့ကြင်နာတဲ့စကားတွေကြားချင်သည်...နူးညံ့တဲ့အပြုအမူလေးတွေကိုမြင်ချင်သည်...Baby လို့မြတ်မြတ်နိုးနိုးခေါ်တတ်တာလေးကိုလွမ်းသည်...Jungkook ကိုချစ်တယ်ပြောမိတာနောက်ကျခဲ့ပေမယ့် သူ့အချစ်တွေကြောင့် Jungkook ရဲ့ရှင်သန်ချင်စိတ်လေးကို တွန်းအားဖြစ်စေချင်သည်...
သူနိုးလာရင် သူခေါ်စေချင်တဲ့ မောင်ဆိုတာကို နားငြီးလောက်အောင်ခေါ်ပစ်ဖို့တွေးထားသည်...Jungkook လိုအပ်တိုင်းသူပေးဆပ်ဖို့လည်းတွေးထားသည်...Jungkook သာအနားမှာရှိရင်ရပြီ Taehyung အတွက်ဘာမှမလိုအပ်တော့ပါ...
Taehyung သူ့လက်ခုံလေးကိုနှုတ်ခမ်းနဲ့တိုးတိုက်နမ်းရှိုက်ရင်း....
"သတိရလာပါတော့....မောင်...မင်းသတိရမလာရင် ငါဆိုင်ကယ်စီးပြီး ပြိုင်ပွဲတွေလည်းပြိုင်ပစ်မယ်...မင်းမသောက်စေချင်တဲ့ ဆေးလိပ်တွေလည်းသောက်မယ်...ငါ့ကိုတားချင်ရင် သတိရလာပေးပါ..."
Taehyung မျက်ရည်တွေဝဲတက်လာတာကို မျက်တောင်လေးတွေပုတ်ခတ်ကာ သိမ်းဆည်းနေမိသည်...Jungkook ကသူငိုတာကို မကြိုက်ဘူးလေ..
Taehyung ထလာကာ ပြတင်းပေါက်မှာရပ်ရင်း မြို့ပြရဲ့ရှုခင်းကိုအပေါ်စီးကနေကြည့်နေမိသည်...ရင်ထဲမွန်းကျပ်နေမှုတွေကို လေပြေတွေနဲ့အတူ ယူဆောင်သွားရင်ကောင်းမယ်...
Taehyung မသိလိုက်တာက ကုတင်ပေါ်က Jungkook လက်လေးတစ်ဖက်လှုပ်သွားတာကိုပင်.....
...............
...Ting ...Ting....
တံခါးလာဖွင့်ပေးဖို့စောင့်နေရင်း ခြေထောက်လေးတွေနဲ့ကြမ်းပြင်ကို ထိုးဆွနေမိသည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
