...ချစ်လိုက်တာရယ်....
................
ယာယီတဲလေးတွေ တန်းစီနေတဲ့ မြေပြင်ပေါ်မှာ Jungkook တို့ တဲက ၇ ခုမြောက်မှာဖြစ်သည်...
အပြင်ကကြည့်ရင် ကျဉ်းတယ်ထင်ရပေမယ့် တဲအတွင်းမှာ နှစ်ယောက်အိပ်ကုတင်ရယ် စားပွဲလေးတွေရယ် နွေးအောင်မီးဖိုလေးပါထည့်ပေးထားသည်...
ဒီနေရာရဖို့ တစ်ပတ်လောက် ကြိုတင်ဘိုကင်လုပ်ထားရတာဖြစ်သည်...ခပ်လှမ်းလှမ်းက
ယာယီတဲတွေမှာလည်း တဲအပြင်ဘက်မှာချထားတဲ့ စားပွဲခုံတွေပေါ်ထိုင်ကာ အသားကင်စားရင်း ညစာအေးဆေးစားနေတဲ့ စုံတွဲတွေကိုတွေ့ရသည်...
ချမ်းအေးတာကြောင့် မီးပုံတွေပါဖိုထားကာ မီးလှုံရင်း Northern light ကိုတွေ့ဖို့စောင့်နေကြသည်..
Jungkook ကျောပိုးအိပ်တွေကို နေရာချရင်း Baby ကိုကြည့်တော့ ကုတင်ပေါ်မှာအခန့်သားနေရာယူရင်း အိပ်နေလေရဲ့....
ပစ္စည်းတွေနေရာချရင်း ညစာလာပို့တော့ Jungkook Steak ကိုသေချာလေးလှီးဖြတ်ပြီးမှ Baby အတွက် စတော်ဘယ်ရီ Juice လေးဖျော်လိုက်ရင်း အိပ်နေတဲ့ Baby နားကပ်လာခဲ့သည်..
"Baby ညစာစားရအောင်..."
Jungkook ကိုစိတ်ဆိုးနေတဲ့ Baby က အဖတ်မလုပ်...အိပ်မပျော်သေးတာသိနေတဲ့ Jungkook က Baby ဘေးနားလှဲချကာ တစ်ကိုယ်လုံးရင်ခွင်ထဲဆွဲဖက်ရင်း....
"ဝက်ဝံလေးတစ်ကောင် အိပ်ချင်ယောင်ဆောင်နေပါတယ်..."
Jungkook စကားကြောင့် မျက်လုံးလေးတွေဖွင့်လာကာ...
"ဘယ်သူက အိပ်ချင်ယောင်ဆောင်လို့လဲ..."
"အော...အော ယုံပါတယ်..."
"မင်း ငါ့ကိုလာရွဲ့နေတာလား..."
Jungkook ပြုံးလိုက်ရင်း Baby နှာတံစင်းစင်းလေးကို ခပ်ဖွဖွကိုက်ကာ...
"မောင် လို့ မခေါ်တော့ဘူးလား..."
"မခေါ်ချင်ပါဘူး...မင်းကိုငါစိတ်ဆိုးနေတာလေ..."
...ပြွတ်စ်...
Taehyung နှုတ်ခမ်းလေးကိုအသံမြည်တဲ့အထိစုပ်ယူလိုက်တဲ့ Jungkook....Taehyung တအံ့တသြကြည့်နေလေလျှင်...
"ချော့တာလေ..."
Taehyung သူ့ရင်ဘတ်ကြီးကိုတွန်းထုတ်ကာ...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-22 (Final)
Start from the beginning
