"မောင့်နောက် အတင်းပြေးလိုက်နေတာ မောင်သိရက်နဲ့ ..... Baby အခုလိုခြေထောက်နာသွားရတာ.."

....ဘုန်း....

Jungkook ရင်ဘတ်ကိုလာမှန်တဲ့ နှင်းလုံးအသေးလေး....Jungkook ရှေ့က Baby က လျှာလေးလှစ်ခနဲထုတ်ပြီး ပြောင်ပြကာ...

"မောင့်ကို စလိုက်တာ...hee hee..."

Jungkook ချစ်စရာကောင်လေးကြောင့် ပြုံးတော့မလိုဖြစ်သွားတာကို ပြန်ထိန်းရင်း မျက်နှာတည်နဲ့ပင်...

"မောင်က တကယ်စိတ်ပူတာကို ဒီလိုစတယ်ပေါ့ ဟုတ်လား...သတ္တိတွေရှိနေပါလား Jeon Taehyung...."

Jungkook စကားကြောင့် ထပြေးတဲ့ Taehyung ကို လျင်တဲ့ Jungkook က ဒူးအထက်ကနေပွေ့ကာ ပုခုံးပေါ်ကောက်ထမ်းရင်း...

"အပြစ်ပေးရမှာပေါ့ ...ဆိုးနေတဲ့ Baby ကို..."

Taehyung ကရုန်းကန်နေရင်း Jungkook ကျောပြင်ကိုထုရိုက်လာကာ...

"ချပေးလို့...ငါမင်းနဲ့မလိုက်ဘူး ဆော့ဦးမှာ..."

"ငြိမ်ငြိမ်လေးနေနော် Baby...."

"မနေဘူး ဖယ်လို့...အခုချပေး..."

....ဖြန်းး....

Jungkook က Taehyung တိမ်ဆိုင်လုံးလုံးလေးတွေပေါ် ဖြန်းခနဲတစ်ချက်ရိုက်လိုက်တော့မှ ငြိမ်ကျသွားသည်....

"Fu...k... Jungkook...အဲ့နားရိုက်ရလား..."

Baby ဆီက ဆဲသံကြောင့် Jungkook ပြုံးလိုက်မိသည်...တစ်ခါတစ်လေ အရိုင်းတုံးလေးက ထထဆဲတာကို သူအလွန်သဘောကျပါသည်...

Northern light သွားကြည့်ဖို့ထွက်လာတဲ့အထိ ကားပေါ်မှာ ဆူပုတ်ပုတ်ရုပ်လေးနဲ့ထိုင်လိုက်လာတဲ့ Baby ကြောင့် Jungkook ခနခနခိုးကြည့်ကာ ကျိတ်ပြုံးနေမိသည်....

Jungkook ကြည့်တာကို သူမိသွားရင် မျက်မှောင်ကျုံ့ကာ ဘာကြည့်တာလဲ ဆိုတဲ့ရုပ်လေးကို လုပ်လုပ်ပြသေးသည်...Jungkook အသည်းယားတာကြောင့် နှုတ်ခမ်းကိုက်ကာ စိုက်ကြည့်နေမိသည်...

"ကားသေချာမောင်းလေ...ဘာလို့ လာကြည့်နေတာလဲ မမြင်ဖူးဘူးလား..."

"ချစ်လို့...."

Jungkook အဖြေကြောင့် မျက်နှာလေးရဲသွားကာ တစ်ဖက်လှည့်သွားသည်...

💜 Next to You 💜Where stories live. Discover now