Jungkook ကပြောပြီး Taehyung နှုတ်ခမ်းလေးဆီခပ်ဖွဖွထိကပ်နမ်းရှိုက်လိုက်သည်...Taehyung သူ့မျက်နှာကိုလက်လေးတွေနဲ့အုပ်ကိုင်ထားရင်း....
"ငါကအတ္တကြီးတယ်မောင်...မောင့်ဘက်ကပိုချစ်ဖို့ တစ်သက်လုံးအတွက်မျှော်လင့်လို့ရတယ်ဟုတ်..."
"ဒါပေါ့...Baby စိတ်ပူဖို့မလိုတဲ့အရာပါ...မောင်ကတိပေးတယ်နော်..."
Taehyung အပြုံးလေးတွေအသက်ဝင်လှပနေတာကို Jungkook ငေးနေရင်း...
"Baby တစ်ယောက်တည်းကပဲ မောင့်ဘဝရဲ့အရှင်သခင်ပါ...မောင် Baby ကိုချစ်တယ်..."
Taehyung မျက်နှာနား Jungkook နောက်တစ်ကြိမ်ကပ်လာလျှင် လက်ညှိုးနဲ့သူ့နဖူးကိုတွန်းထားကာ....
"တော်ပြီလေ...မောင်အိပ်တော့ ငါရေချိုးဦးမယ်..."
Jungkook ကအဟက်ခနဲရယ်ကာ Taehyung ကိုဖက်ထားရာကနေလွှတ်ပေးလေသည်...Taehyung အခန်းထဲကထွက်လာတော့မှ..
"Baby က လည်လိုက်တာတဲ့"
ပထမတစ်ရက်တော့ အပြည့်အဝအနားယူပြီး ဒုတိယရက်ကျမှ အပြင်လျှောက်လည်ဖို့ပြင်ရသည် ....Norway ကရှုခင်းတွေက သိပ်လှတာမလို့ Camera တစ်လုံးနဲ့ Jungkook က သဘောကျတဲ့နေရာဆို ပုံမရိုက်ဘဲမနေနိုင်ပေ...
ပင်တိုင်မော်ဒယ်ကတော့ Taehyung ပင်ဖြစ်သည်...Jungkook camera ထဲရော Ph ထဲမှာရော နေရာယူထားတဲ့ Taehyung ပုံတွေမှာ ထောင်ချီရှိနေလေသည်...
နှင်းတွေထဲပြေးဆော့နေတဲ့ Taehyung က အနွေးထည်အကျီကြီးတွေကြားမှာမြှုပ်နေတဲ့ ဝက်ဝံလုံးလေးလို ချစ်စရာကောင်းလှသည်...လက်ထဲမှာ နှင်းလုံးကို ဆုပ်ကိုင်လာကာ Jungkook ဆီပြေးလာတဲ့ Taehyung ကြောင့် Jungkook မှာ Camera ကြီးကိုင်ပြီးပတ်ပြေးလိုက်ရသေးသည်...
"အာ့ မောင်..."
Jungkook နောက်ပြေးလိုက်ရင်း လဲကျသွားကာ ဆောင့်ကြောင့်ထိုင်ပြီး ခြေထောက်ကို လက်နဲ့အုပ်ကိုင်ထားတဲ့ Taehyung....
Jungkook အမြန်ပင် Taehyung အနားသွားကာ သူပါထိုင်ချလိုက်ရင်း...
"Baby ဘယ်နားထိခိုက်မိတာလဲ....မောင့်ကိုပြစမ်း"
စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ Jungkook က စကားကိုလည်းအလောတကြီးပြောမိတာကြောင့် ဆူလိုက်မိသလိုဖြစ်သွားသည်...မဲ့ကျသွားတဲ့ Baby မျက်နှာလေးကြောင့် ရင်ထဲလုံးဝနေလို့မကောင်းတော့....Jungkook လက်တွေက Taehyung လက်ပေါ်ထပ်ကိုင်လိုက်ရင်း...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-22 (Final)
Start from the beginning
