Northern light သွားကြည့်ဖို့ထွက်လာတဲ့အထိ ကားပေါ်မှာ ဆူပုတ်ပုတ်ရုပ်လေးနဲ့ထိုင်လိုက်လာတဲ့ Baby ကြောင့် Jungkook ခနခနခိုးကြည့်ကာ ကျိတ်ပြုံးနေမိသည်....

Jungkook ကြည့်တာကို သူမိသွားရင် မျက်မှောင်ကျုံ့ကာ ဘာကြည့်တာလဲ ဆိုတဲ့ရုပ်လေးကို လုပ်လုပ်ပြသေးသည်...Jungkook အသည်းယားတာကြောင့် နှုတ်ခမ်းကိုက်ကာ စိုက်ကြည့်နေမိသည်...

"ကားသေချာမောင်းလေ...ဘာလို့ လာကြည့်နေတာလဲ မမြင်ဖူးဘူးလား..."

"ချစ်လို့...."

Jungkook အဖြေကြောင့် မျက်နှာလေးရဲသွားကာ တစ်ဖက်လှည့်သွားသည်...

...ချစ်လိုက်တာရယ်....

................

ယာယီတဲလေးတွေ တန်းစီနေတဲ့ မြေပြင်ပေါ်မှာ Jungkook တို့ တဲက ၇ ခုမြောက်မှာဖြစ်သည်...
အပြင်ကကြည့်ရင် ကျဉ်းတယ်ထင်ရပေမယ့် တဲအတွင်းမှာ နှစ်ယောက်အိပ်ကုတင်ရယ် စားပွဲလေးတွေရယ် နွေးအောင်မီးဖိုလေးပါထည့်ပေးထားသည်...

ဒီနေရာရဖို့ တစ်ပတ်လောက် ကြိုတင်ဘိုကင်လုပ်ထားရတာဖြစ်သည်...ခပ်လှမ်းလှမ်းက
ယာယီတဲတွေမှာလည်း တဲအပြင်ဘက်မှာချထားတဲ့ စားပွဲခုံတွေပေါ်ထိုင်ကာ အသားကင်စားရင်း ညစာအေးဆေးစားနေတဲ့ စုံတွဲတွေကိုတွေ့ရသည်...

ချမ်းအေးတာကြောင့် မီးပုံတွေပါဖိုထားကာ မီးလှုံရင်း Northern light ကိုတွေ့ဖို့စောင့်နေကြသည်..
Jungkook ကျောပိုးအိပ်တွေကို နေရာချရင်း Baby ကိုကြည့်တော့ ကုတင်ပေါ်မှာအခန့်သားနေရာယူရင်း အိပ်နေလေရဲ့....

ပစ္စည်းတွေနေရာချရင်း ညစာလာပို့တော့ Jungkook Steak ကိုသေချာလေးလှီးဖြတ်ပြီးမှ Baby အတွက် စတော်ဘယ်ရီ Juice လေးဖျော်လိုက်ရင်း အိပ်နေတဲ့ Baby နားကပ်လာခဲ့သည်..

"Baby ညစာစားရအောင်..."

Jungkook ကိုစိတ်ဆိုးနေတဲ့ Baby က အဖတ်မလုပ်...အိပ်မပျော်သေးတာသိနေတဲ့ Jungkook က Baby ဘေးနားလှဲချကာ တစ်ကိုယ်လုံးရင်ခွင်ထဲဆွဲဖက်ရင်း....

"ဝက်ဝံလေးတစ်ကောင် အိပ်ချင်ယောင်ဆောင်နေပါတယ်..."

Jungkook စကားကြောင့် မျက်လုံးလေးတွေဖွင့်လာကာ...

💜 Next to You 💜Where stories live. Discover now