"အာ့ မောင်..."
Jungkook နောက်ပြေးလိုက်ရင်း လဲကျသွားကာ ဆောင့်ကြောင့်ထိုင်ပြီး ခြေထောက်ကို လက်နဲ့အုပ်ကိုင်ထားတဲ့ Taehyung....
Jungkook အမြန်ပင် Taehyung အနားသွားကာ သူပါထိုင်ချလိုက်ရင်း...
"Baby ဘယ်နားထိခိုက်မိတာလဲ....မောင့်ကိုပြစမ်း"
စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ Jungkook က စကားကိုလည်းအလောတကြီးပြောမိတာကြောင့် ဆူလိုက်မိသလိုဖြစ်သွားသည်...မဲ့ကျသွားတဲ့ Baby မျက်နှာလေးကြောင့် ရင်ထဲလုံးဝနေလို့မကောင်းတော့....Jungkook လက်တွေက Taehyung လက်ပေါ်ထပ်ကိုင်လိုက်ရင်း...
"မောင့်နောက် အတင်းပြေးလိုက်နေတာ မောင်သိရက်နဲ့ ..... Baby အခုလိုခြေထောက်နာသွားရတာ.."
....ဘုန်း....
Jungkook ရင်ဘတ်ကိုလာမှန်တဲ့ နှင်းလုံးအသေးလေး....Jungkook ရှေ့က Baby က လျှာလေးလှစ်ခနဲထုတ်ပြီး ပြောင်ပြကာ...
"မောင့်ကို စလိုက်တာ...hee hee..."
Jungkook ချစ်စရာကောင်လေးကြောင့် ပြုံးတော့မလိုဖြစ်သွားတာကို ပြန်ထိန်းရင်း မျက်နှာတည်နဲ့ပင်...
"မောင်က တကယ်စိတ်ပူတာကို ဒီလိုစတယ်ပေါ့ ဟုတ်လား...သတ္တိတွေရှိနေပါလား Jeon Taehyung...."
Jungkook စကားကြောင့် ထပြေးတဲ့ Taehyung ကို လျင်တဲ့ Jungkook က ဒူးအထက်ကနေပွေ့ကာ ပုခုံးပေါ်ကောက်ထမ်းရင်း...
"အပြစ်ပေးရမှာပေါ့ ...ဆိုးနေတဲ့ Baby ကို..."
Taehyung ကရုန်းကန်နေရင်း Jungkook ကျောပြင်ကိုထုရိုက်လာကာ...
"ချပေးလို့...ငါမင်းနဲ့မလိုက်ဘူး ဆော့ဦးမှာ..."
"ငြိမ်ငြိမ်လေးနေနော် Baby...."
"မနေဘူး ဖယ်လို့...အခုချပေး..."
....ဖြန်းး....
Jungkook က Taehyung တိမ်ဆိုင်လုံးလုံးလေးတွေပေါ် ဖြန်းခနဲတစ်ချက်ရိုက်လိုက်တော့မှ ငြိမ်ကျသွားသည်....
"Fu...k... Jungkook...အဲ့နားရိုက်ရလား..."
Baby ဆီက ဆဲသံကြောင့် Jungkook ပြုံးလိုက်မိသည်...တစ်ခါတစ်လေ အရိုင်းတုံးလေးက ထထဆဲတာကို သူအလွန်သဘောကျပါသည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-22 (Final)
Start from the beginning
