"အင်း Baby ကြောင့် ဒီကိုလာတာလေ Northern light ကြည့်ချင်လို့ဆို... Baby မြင်ရဖို့အဓိက ဦးစားပေးပဲလေ...မောင်က Baby နားရှိနေရင် ရပြီ..."
Taehyung ကပြုံးနေရင်း Jungkook မျက်နှာကိုမျက်ဝန်းဝိုင်းတွေနဲ့စိုက်ကြည့်ကာ...
"မောင့်ကို ငါချစ်လိုက်တာ...."
"မောင်က အရင်စချစ်တာပါနော်...Baby ထက်ပိုချစ်တယ်..."
Jungkook ကပြောပြီး Taehyung နှုတ်ခမ်းလေးဆီခပ်ဖွဖွထိကပ်နမ်းရှိုက်လိုက်သည်...Taehyung သူ့မျက်နှာကိုလက်လေးတွေနဲ့အုပ်ကိုင်ထားရင်း....
"ငါကအတ္တကြီးတယ်မောင်...မောင့်ဘက်ကပိုချစ်ဖို့ တစ်သက်လုံးအတွက်မျှော်လင့်လို့ရတယ်ဟုတ်..."
"ဒါပေါ့...Baby စိတ်ပူဖို့မလိုတဲ့အရာပါ...မောင်ကတိပေးတယ်နော်..."
Taehyung အပြုံးလေးတွေအသက်ဝင်လှပနေတာကို Jungkook ငေးနေရင်း...
"Baby တစ်ယောက်တည်းကပဲ မောင့်ဘဝရဲ့အရှင်သခင်ပါ...မောင် Baby ကိုချစ်တယ်..."
Taehyung မျက်နှာနား Jungkook နောက်တစ်ကြိမ်ကပ်လာလျှင် လက်ညှိုးနဲ့သူ့နဖူးကိုတွန်းထားကာ....
"တော်ပြီလေ...မောင်အိပ်တော့ ငါရေချိုးဦးမယ်..."
Jungkook ကအဟက်ခနဲရယ်ကာ Taehyung ကိုဖက်ထားရာကနေလွှတ်ပေးလေသည်...Taehyung အခန်းထဲကထွက်လာတော့မှ..
"Baby က လည်လိုက်တာတဲ့"
ပထမတစ်ရက်တော့ အပြည့်အဝအနားယူပြီး ဒုတိယရက်ကျမှ အပြင်လျှောက်လည်ဖို့ပြင်ရသည် ....Norway ကရှုခင်းတွေက သိပ်လှတာမလို့ Camera တစ်လုံးနဲ့ Jungkook က သဘောကျတဲ့နေရာဆို ပုံမရိုက်ဘဲမနေနိုင်ပေ...
ပင်တိုင်မော်ဒယ်ကတော့ Taehyung ပင်ဖြစ်သည်...Jungkook camera ထဲရော Ph ထဲမှာရော နေရာယူထားတဲ့ Taehyung ပုံတွေမှာ ထောင်ချီရှိနေလေသည်...
နှင်းတွေထဲပြေးဆော့နေတဲ့ Taehyung က အနွေးထည်အကျီကြီးတွေကြားမှာမြှုပ်နေတဲ့ ဝက်ဝံလုံးလေးလို ချစ်စရာကောင်းလှသည်...လက်ထဲမှာ နှင်းလုံးကို ဆုပ်ကိုင်လာကာ Jungkook ဆီပြေးလာတဲ့ Taehyung ကြောင့် Jungkook မှာ Camera ကြီးကိုင်ပြီးပတ်ပြေးလိုက်ရသေးသည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-22 (Final)
Start from the beginning
