အရမ်းလှတာပဲ 😍


























Next To You လေးကိုနှုတ်ဆက်ရပြီပေါ့နော်...ကြားထဲမှာ Q ဝင်နေလို့ update မမှန်ဖြစ်သွားရတဲ့အတွက် အမွန်အရမ်းပဲအားနာရပါတယ်...ခနအနားယူဦးမှာမလို့ Oh My Crush လေးကိုရေးဖို့အနည်းငယ်ကြာဦးမှာပါ...တင်ခဲ့ရင် ဒီမှာပဲလာပြောပါ့မယ်နော်...အားလုံးကိုချစ်ပါတယ်...bye bye ပါ...

10.10.2021






Unicode......







Taehyung တို့ Norway သွားဖို့ လေယျာဉ်ကွင်းမှာဖြစ်သည်...1 နှစ်ပြည့် Anni ကျမှထွက်တဲ့ ဟန်းနီးမွန်းခရီးလို့ဆိုရမလား...ချက်ချင်းခရီးတွေထသွားချင်နေတဲ့ Jungkook ကြောင့် Norway ကိုသွားဖို့ရွေးလိုက်ချင်းဖြစ်သည်...

လေဆိပ်ထဲမှာပဲ လတ်မှတ်အပ်တဲ့နေရာမှာ Taehyung ပုခုံးပေါ် ခေါင်းလေးတင်လာတဲ့ Jungkook....

"မောင် ပင်ပန်းလို့လား...."

Taehyung ကမေးတော့ Jungkook က မှီထားရက်ကခေါင်းလေးအသာညိတ်ပြလေသည်...Taehyung သူ့ခေါင်းလေးကို မသိမသာလေးပြန်ထိကပ်လိုက်ရင်း...

"မောင့်အနားမှာ ငါရှိတယ်နော်..." လို့ သဘောရတဲ့ပုံစံမျိုးလေးလုပ်ပြတာကို Jungkook ကနားလည်သည့်အလား Taehyung လက်မောင်းလေးကိုကိုင်ထားသည်....

နာရီပေါင်းများစွာ လေယျာဉ်စီးပြီးနောက် Taehyung တို့ Norway ကိုရောက်လာခဲ့သည်...ဆောင်းရာသီမို့ Norway တစ်နိုင်ငံလုံးနှင်းတွေနဲ့ဖုံးလွှမ်းနေလေသည်....

Taehyung တို့တည်းတဲ့အိမ်လေးတွေက တောင်ကုန်းပေါ်မှာရှိကာ အေးဆေးတိတ်ဆိတ်ပြီးသာယာလှသည်...

အိမ်လေးထဲဝင်ဝင်ချင်း နွေးထွေးသွားသလို ခံစားလိုက်ရကာ အနည်းငယ်ပင်ပန်းနေပုံရတဲ့ Jungkook ကိုအခန်းထဲခေါ်လာရင်း....

"ခနအိပ်လိုက်နော်မောင်..."

"Baby ရောအိပ်...."

ကုတင်ပေါ်မှာထိုင်နေတဲ့ Jungkook က ရပ်နေတဲ့ Taehyung ခါးလေးကနေဆွဲကာခေါင်းကိုမှီထားရင်း ကလေးလိုဂျီကျနေသည်...

Taehyung Jungkook ခေါင်းကိုပွတ်သပ်ပေးလိုက်ရင်း....

"ငါ ရေချိုးဦးမယ် မောင်...နော်...နောက်ရက်ကျ Northern light သွားကြည့်မှာနော် လိုက်ပို့ရမှာ..."

💜 Next to You 💜Where stories live. Discover now