" အမျိုးသားကိုပါ ခေါ်လာတယ်နော် "

ယခုအခေါက်တွင်တော့ 'ဟုတ်သည်' ဆိုသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ဆက်ပြောလာသည်က။

" အကိုက မင်းရဲ့တွဲဖက်ကို လှလှတောင့်တောင့် အမျိုးသမီးတစ်ယောက်ဘဲ ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားတာ ခုတော့ ကောလဟာလတွေက တကယ်မှန်နေတာပဲ "

" အဟား အကိုက ခေါင်းမာတတ်ပုံပဲ "

" ဟားဟား နည်းနည်းအစွဲကြီးလို့ပါ ၊ ဒါဆို ခွင့်ပြုဦး၊
အကို တစ်ခြား၀ိုင်းတွေ သွားဧည့်ခံလိုက်ဦးမယ် "

" ဒါဆို တစ်လက်စတည်း နှုတ်ဆက်လိုက်တာပေါ့ "

ကောင်းကင်ယံထက်၌ တလက်လက်တောက်ပနေသည့် ကြယ်ရောင်တို့သည် မြို့ပြ၏ အလင်းရောင်အား မထိုးဖောက်နိုင်ဘဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြသည်။
မြို့ပြ၏ မီးရောင်စုံများနှင့်အတူ ကားရောင်စုံ‌များကြား၌ နက်ပြောင်နေသည့် ကားတစ်စင်းသည်
အိမ်မပြန်ဖူးသည့်အလား သူ့နေရပ်ရှိရာသို့
တဟုန်ထိုး မောင်းနှင်နေလေသည်။
ထိုကားထဲ၌မူ လူနှစ်ဉီးက ငြိမ်သက်စွာ
စီးနင်းလိုက်ပါလာလေသည်။

ပန်းဥယျာဉ်အလယ်၌ ဂုဏ်ဆာနေသည့်
သုံးထပ်တိုက်အိမ်ကြီး‌ရှေ့ရောက်သောအခါ၌
အမောတကော မောင်းနှင်လာသည့် ကားသည်
လျော့သွားသည့် အရှိန်နှင့်အတူ
ဖြည်းညင်းစွာ ရပ်တန့်သွားသလို
အိမ်ကြီးရှင်များ ပြန်ရောက်လာပြီဆိုသည့် အသိဖြင့်
ခြံ၀န်းကျယ်ကြီး၏ တံခါးသည်လည်း
အလိုက်သိစွာ ဖွင့်ဟပေးလာလေသည်။

ခြံအတွင်းသို့ ၀င်ရောက်သည်နှင့်တစ်ပြိုင်နက်
အိမ်ကြီးအတွင်းမှ ယောကျာ်းမိန်းမများ
အလျှိုအလျှို ထွက်လာကြပြီး ထိုသူတို့ထဲမှ
ရုပ်ဆင်သည့် မိန်းမငယ်လေးနှစ်ယောက်သည်
ပြိုင်တူ နှုတ်ခွန်းဆက်ကြလေသည်။

" အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ် အစ်ကိုလေးနဲ့ အစ်ကိုလေးခ"

မိုးမိရက်ခ အိမ်ထဲသို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ရပ်တန့်လိုက်သည်။

UM (Completed)Where stories live. Discover now