အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)

Start from the beginning
                                    

ဒါ​ပေမယ့် ဖရဲသီး​လေးထက် ပျမ်းမျှအားဖြင့် အသက်သုံးနှစ်​လောက်ပိုကြီးတဲ့ အဲဒီက​လေး​တွေက ဖရဲသီး​လေးနဲ့အတူ မကစားချင်ကြ​ပေ။သူတို့က ​မော့အန်းယွီ​ကြောင့်သာ ဖရဲသီး​လေးကို ပစ်ပယ်မထားရဲတာဖြစ်သည်။

______ သူတို့​တွေအားလုံးက ​မော့အိမ်ရဲ့က​လေး​တွေဖြစ်ကြ​ပေမယ့် ရုတ်တရက်ကြီး မိသားစုနာမည်
' ​ပေါ် ' ရှိတဲ့ က​လေးတစ်​ယောက် ​ပေါ်လာတာ​ကြောင့် သူတို့​တွေက မ​ပျော်ရွှင်ကြ​တော့​ပေ။ဒါ​ကြောင့်ပဲ သူတို့​တွေ ကစားတဲ့အချိန်မှာ သူတို့က ဖရဲသီး​လေးကို မသိချင်​ယောင်​ဆောင်ပြီး ထည့်မတွက်ဘဲ ချန်လှပ်ထားကြသည်။

အချိန်ခဏ​လောက်သာ ကြာပြီးတဲ့​နောက် ဖယ်ကြဉ်ခံထားရတဲ့ ဖရဲသီး​လေးဟာ မ​တော်တဆတစ်ဖြစ်ခဲ့သည်။

က​လေးတစ်စုက ​အရှေ့ဘက်ခြံ၀င်းမှာ တူတူပုန်းတမ်းကစား​နေကြသည်။ဒါ​ပေမယ့် ဘယ်သူကမှ လိုက်ရှာဖမ်းရတဲ့သူအဖြစ် မလုပ်ချင်ကြ​ချေ။သူတို့​တွေ ငြင်းခုံအနိုင်လုပြီးကြတဲ့​နောက် သူတို့​တွေအားလုံးက ဖရဲသီး​လေးဟာ သူတို့ကို လိုက်ရှာဖို့ တာ၀န်ကျတယ်ဆိုပြီး သ​ဘောတူလိုက်ကာ ​ပြေးပုန်းကြ​တော့သည်။

ပထမ​တော့ သူတို့​တွေက ​ပျော်​ပျော်ရွှင်ရွှင်နဲ့ ကစား​နေကြတာဖြစ်သည်။ဒါ​ပေမယ့် ဖရဲသီး​လေးက အ​​နောက်ဘက်ဥယျာဉ်က​နေ ​ကျောက်စိမ်းဆွဲသီးနဲ့ ​ကောင်​လေးတစ်​ယောက်ကို ရှာ​တွေ့တဲ့အခါ အဲဒီ​ကောင်​လေးက စိတ်ဆိုးသွားပြီး ဖရဲသီး​လေးကို ​မြေကြီး​ပေါ် တွန်းချပစ်လိုက်သည်။

ဖရဲသီး​လေးက ​မြေကြီး​ပေါ် တွန်းချခံလိုက်ရတဲ့အချိန်မှာ သူ မင်တက်သွားပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့​ပေ။ဒါ​ကြောင့် သူ့ရဲ့ဦး​ခေါင်း​နောက်ဘက်က ကြမ်းပြင်နဲ့ ရိုက်မိသွားတဲ့အခါကျမှပဲ ဖရဲသီး​လေးဟာ နာကျင်မှုကို ခံစားလိုက်ရပြီး ဗြုန်းခနဲ မျက်ရည်​တွေ ကျလာ​တော့သည်။

အ​စေခံ​တွေက တွန်းချလိုက်တဲ့​ကောင်​လေးကို မဆူရဲကြဘဲ ဖရဲသီး​လေးကို အ​ဝေး​ခေါ်သွား​​ပေးချင်ကြသည်။ဒါ​ပေမယ့် အဲဒီ​ကောင်​လေးက စိုက်ကြည့်​နေတာ​ကြောင့် သူတို့​တွေက ​ဘေးတစ်ဖက်မှာသာ ရပ်​နေကြရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now