INTRO

77.8K 1.9K 35
                                    

Unicode

မေးခွန်းမရှိတဲ့ အဖြေဆိုတာ ဘာလဲသိလား မောင်...။
အဲ့အဖြေကလေ 'ချစ်တယ်'တဲ့။
တစ်ဖက်သတ်ဆန်တဲ့ ငါ့အချစ်တွေကို
မောင်မြင်လျက်နဲ့ ဥပေက္ခာပြုတော့
ရှိမလာမယ့် မေးခွန်းအတွက် အဖြေကို
ထပ်ခါထပ်ခါ ဖြေနေမိရုံဘဲ တတ်နိုင်တာပေါ့။

'မောင်... ငါ မောင့်ကို သိပ်ချစ်တယ်'

-မြေ့နင်းခ

_____________

ဒုန်း............။

တစ်စုံတစ်ခုနှင့် ဝင်ဆောင့်မိသည့်အသံ။

ကျွီ.............။

ကားတိုက်မိသည် ဖြစ်ရမည်။

ရုတ်တရက် ပိန်းပိတ်အောင် မှောင်ကျသွားသည့်
အမှောင်ထုကြီး။

ထို့နောက် ဝိုးတဝါး ပုံရိပ်များ.........။

" ခ ! ခ ! "

တစ်ယောက်ယောက်က သူ့နာမည်ကို အော်ခေါ်နေသည်။

" ...ပြောတာကြားလား မျက်စိမမှိတ်လိုက်နဲ့
ခဏလောက်ပဲ တောင့်ခံထားပေးပါကွာ
...တောင်းပန်ပါတယ် "

တောင်းပန် တိုးလျှိုး ငိုကြွေးနေသံက
အမိန့်ပေးသံတွေပင် ရောယှက်နေသယောင်‌ယောင်။

လေးပင်နေသည့် မျက်လုံးအစုံကို ဖွင့်ရန် ကြိုးစားကြည့်ပေမယ့် ဖွင့်၍ မရချေ။

နောက်တော့ ဝိုးတဝါးပုံရိပ်အချို့က
သူ့ရှေ့မှ ဖြတ်ပြေးသွားကြသည်။

" မောင် ခကို ချစ်တယ်... " တဲ့လား။

ပဲ့တင်သံထပ်နေတဲ့ စကားလုံးအချို့က သူကြားအောင်
တမင် ထပ်ခါတလဲလဲ ပြောနေသလိုလိုပင်။

နောက်ဆုံးတော့ မျက်လုံးအစုံသည် မှိတ်သွားခဲ့လေပြီ။

တရေးရေးနဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေကို
ဦးနှောက်က မေ့ဖျောက်ပေးဖို့
တောင်းဆိုနေသယောင်ယောင်...။

နောက်တော့
မေ့ဖျောက်ချင်မိတဲ့ အတိတ်က
အမှတ်တရများဆီသို့...။

တဖြည်းဖြည်းချင်း......................။

------------------------------------
✨October 6 ,2021✨

Zawgyi

Unicode

ေမးခြန္းမရွိတဲ့ အေျဖဆိုတာ ဘာလဲသိလား ေမာင္...။
အဲ့အေျဖကေလ 'ခ်စ္တယ္'တဲ့။
တစ္ဖက္သတ္ဆန္တဲ့ ငါ့အခ်စ္ေတြကို
ေမာင္ျမင္လ်က္နဲ႔ ဥေပကၡာျပဳေတာ့
ရွိမလာမယ့္ ေမးခြန္းအတြက္ အေျဖကို
ထပ္ခါထပ္ခါ ေျဖေနမိ႐ုံဘဲ တတ္ႏိုင္တာေပါ့။

'ေမာင္... ငါ ေမာင့္ကို သိပ္ခ်စ္တယ္'

-ေျမ့နင္းခ

_____________

ဒုန္း............။

တစ္စုံတစ္ခုႏွင့္ ဝင္ေဆာင့္မိသည့္အသံ။

ကြၽီ.............။

ကားတိုက္မိသည္ ျဖစ္ရမည္။

႐ုတ္တရက္ ပိန္းပိတ္ေအာင္ ေမွာင္က်သြားသည့္
အေမွာင္ထုႀကီး။

ထို႔ေနာက္ ဝိုးတဝါး ပုံရိပ္မ်ား.........။

" ခ ! ခ ! "

တစ္ေယာက္ေယာက္က သူ႔နာမည္ကို ေအာ္ေခၚေနသည္။

" ...ေျပာတာၾကားလား မ်က္စိမမွိတ္လိုက္နဲ႔
ခဏေလာက္ပဲ ေတာင့္ခံထားေပးပါကြာ
...ေတာင္းပန္ပါတယ္ "

ေတာင္းပန္ တိုးလွ်ိဳး ငိုေႂကြးေနသံက
အမိန႔္ေပးသံေတြပင္ ေရာယွက္ေနသေယာင္‌ေယာင္။

ေလးပင္ေနသည့္ မ်က္လုံးအစုံကို ဖြင့္ရန္ ႀကိဳးစားၾကည့္ေပမယ့္ ဖြင့္၍ မရေခ်။

ေနာက္ေတာ့ ဝိုးတဝါးပုံရိပ္အခ်ိဳ႕က
သူ႔ေရွ႕မွ ျဖတ္ေျပးသြားၾကသည္။

" ေမာင္ ခကို ခ်စ္တယ္... " တဲ့လား။

ပဲ့တင္သံထပ္ေနတဲ့ စကားလုံးအခ်ိဳ႕က သူၾကားေအာင္
တမင္ ထပ္ခါတလဲလဲ ေျပာေနသလိုလိုပင္။

ေနာက္ဆုံးေတာ့ မ်က္လုံးအစုံသည္ မွိတ္သြားခဲ့ေလၿပီ။

တေရးေရးနဲ႔ ျပန္ေပၚလာတဲ့ မွတ္ဉာဏ္ေတြကို
ဦးေႏွာက္က ေမ့ေဖ်ာက္ေပးဖို႔
ေတာင္းဆိုေနသေယာင္ေယာင္...။

ေနာက္ေတာ့
ေမ့ေဖ်ာက္ခ်င္မိတဲ့ အတိတ္က
အမွတ္တရမ်ားဆီသို႔...။

တျဖည္းျဖည္းခ်င္း......................။

------------------------------------
✨October 6 ,2021✨

UM (Completed)Where stories live. Discover now