အခန်း-၂၉(လှည့်ကွက်)

Start from the beginning
                                    

ဒါ​ပေမယ့် ဒါရိုက်တာချွီက​တော့ ချူး၀မ်၀မ်ရဲ့ အ​တွေး​တွေကို မသိ​ပေ။သူက ဇာတ်လိုက်အမျိုးသမီးဟာ သူ့ရဲ့ရိုက်ကွင်းသတ်မှတ်ချက်​တွေကို ​ချော​ချော​မွေ့​မွေ့နဲ့ အဆုံးသတ်​ပေးတာပဲ လိုချင်သည်။ပြီးရင်​တော့ သူ တခြားဘာကိုမှ ဂရုမစိုက်ဘူး !!!

ဒါရိုက်တာချွီဟာ ​' ရေ​နွေးပွက်ပွက်ဆူကို မ​ကြောက်​တော့တဲ့ ၀က်​သေတစ်​ကောင် ' လိုမျိုးဖြစ်​နေတဲ့ ချူး၀မ်၀မ်ကို အရမ်း​ဒေါသထွက်​နေပြီဖြစ်သည်။သူက အ​​ခြေအ​နေ​တွေ အချိန်အခါ​တွေကို​တောင် ထည့်မစဉ်းစားနိုင်​တော့ဘဲ ဆဲဆို​တော့သည်။   " ချူး၀မ်၀မ် , မင်း သရုပ်မ​ဆောင်ချင်ရင် ဒီ​နေရာက ထွက်သွားစမ်း !!! ငါ မင်းတို့ချူးမိသားစုကို မ​ကြောက်ဘူး ! ငါ့​​နေရာမှာ မင်းရဲ့သခင်မ​လေးစိတ်ဓါတ်ကို ​ဖျောက်ထား !!! "

{ T / N ; ၀က်​သေဆိုတာက​လေ Chinese idiom ပါ အဓိပ္ပါယ်က အစတုန်းက​တော့ တန်ဖိုးရှိတယ်လို့ထင်ခဲ့​ပေမယ့် ပြီးခါမှ သုံးစားမရတာကြီးဖြစ်​နေတာပါ }

ချူး၀မ်၀မ်ရဲ့ခန္ဓာကိုယ်က ချက်ချင်း ​တောင့်တင်းသွားသည်။ဒါရိုက်တာချွီက အဲဒီလို ​ပြောပြီးတဲ့​နောက် သူမ ထပ်ပြီး ​ဝေ့လည်​ကြောင်ပတ်မလုပ်ရဲ​တော့ဘဲ ဒါရိုက်တာချွီ လိုချင်တဲ့အတိုင်း နာနာခံခံနဲ့ သရုပ်​ဆောင်လိုက်ရသည်။

Kissing scene ကို တစ်ခါတည်းနဲ့ အပြီးသတ်လိုက်နိုင်သည်။ဒါရိုက်တာချွီက ​အေးစက်စွာ သ​ရော်လိုက်ပြီး ချူး၀မ်၀မ်ကို လုံးလုံးလျားလျား လျစ်လျူရှူကာ ​ပေါ်ယွီကို ​နောက်ထပ်ဇာတ်၀င်ခန်း​တွေနဲ့ပတ်သတ်ပြီး ​ပြောပြ​နေသည်။

​ပေါ်ယွီက ဘာအရိပ်အ​ယောင်မှမရှိဘဲ သူ့ပါးကို လက်ဖမိုးနဲ့ ပွတ်သုတ်ပစ်လိုက်ပြီး သူ့မျက်နှာ​ပေါ်က အမူအရာဟာလည်း မ​ပြောင်းမလဲရှိ​နေသည်။

ချူး၀မ်၀မ်က သူ့ကို မုန်းလို့ဆိုပြီး သူ့ကို နမ်းဖို့ ငြင်းတယ်​ပေါ့​လေ။အဲလိုပဲ သူလည်း သူမနမ်းတာ မခံချင်​​ပေါင်။

ဒါရိုက်တာချွီက ​ပေါ်ယွီရဲ့အပြုအမူ​တွေကို မမြင်ချင်​ယောင်​ဆောင်​နေလိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now