Jungkook Baby နားသွားကာ ဆံပင်ရေစိုလေးတွေကို သုတ်ပေးနေမိတော့ ငြိမ်နေလေသည်...ဆူပုတ်နေတဲ့ မျက်နှာလေးက နှုတ်ခမ်းရဲရဲလေးတွေတောင် ချွန်ထွက်နေသယောင်...
"စိတ်ဆိုးနေတာလား Baby..."
"မင်းငါ့ကိုချစ်တယ်ပြောပြီး ခုထိ ချစ်သူနဲ့မပြတ်သေးတာဘာသဘောလဲ..."
"Min ....အဲ Jimin နဲ့က ပြတ်သွားပါပြီ...ဒီနေ့ သူ့အမေ ဦးနှောက်အကျိတ်ခွဲလို့ ခနသွားပေးတာပါ..."
Jungkook စကားကိုမယုံသလိုမျက်ခုံးလေးပင့်ကာ ကြည့်လာခဲ့လျှင်....
"တကယ်ပါ Baby ရဲ့...အဲ့ဒီကိစ္စနဲ့ဆို စိတ်မဆိုးနဲ့တော့နော်...Baby ကို ကိုယ်ဘာတစ်ခုမှ မလိမ်ဘူး..."
"မင်းငါ့ကို ထိမ်ချန်ထားတာရှိတယ်မလား..."
Taehyung ခေါင်းကိုသုတ်ပေးနေတဲ့ Jungkook လက်တွေကရပ်တန့်သွားကာ...
"ဘာကိုပြောတာလဲ Baby..."
"မင်းနဲ့မင်းအဖေ...ဘာလို့ မင်းကို ဝန်ကြီးချုပ်က သူ့သားအရင်းလို့ မပြောထားတာလဲ..."
Jungkook မျက်နှာပျက်သွားပေမယ့် ဒါ Baby သိရမယ့်အရာပဲမလို့...သူ့အကြောင်းကို အစုံပြောပြလိုက်ရသည်...
"မင်း အဖေက တကယ်လွန်တာပဲ... သူအာဏာပိုရဖို့အတွက် သားအရင်းကိုတောင်မွေးစားသားလို့ပြောထားတာ တကယ်ကိုပဲ..."
Jungkook သူ့အတွက် ခံပြင်းနေတဲ့ Baby ခေါင်းလေးကိုငုံ့မွှေးကာ....
"အဲ့တော့ Baby ကစိတ်ဆိုးပြေပြီလား...."
"ဘယ်သူကဆိုးနေလို့လဲ မင်းကို..."
Jungkook ပြုံးလိုက်ရင်း....
"အော..အော...စိတ်မဆိုးဘူးပေါ့..."
ခေါင်းငြိမ့်ပြတဲ့ Baby ကြောင့် အသည်းယားသွားကာ ပါးဖောင်းလေးကိုညှစ်လိုက်မိသည်...
"အဲ့တာဆို Cake လုပ်ပေးနော်..."
"............"
Jungkook ခုနကဝယ်လာတဲ့ စတော်ဘယ်ရီတွေကိုယူလိုက်ပြီး....
"ဒါ ဘယ်သူကြိုက်တာလဲမသိဘူး..."
စတော်ဘယ်ရီတွေကိုမြင်တော့ မျက်လုံးလေးတွေကလက်ခနဲ...Jungkook ကျိတ်ပြုံးမိသွားရင်း Baby နား သူ့ပါးကိုထိုးပေးကာ...
STAI LEGGENDO
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-18
Comincia dall'inizio
