အန်တီ့ကို ခွဲခန်းထဲသယ်သွားတော့ Min လက်လေးတွေကို ဆုပ်ကိုင်ပြီးအားပေးမိသည်...
"အဆင်ပြေသွားမှာပါ မစိုးရိမ်နဲ့နော်...."
"မေမေ ခွဲပြီးတဲ့အထိ Kook ရှိနေပေးမယ်မလား.."
"အင်း ကိုယ်ရှိနေပေးမှာပေါ့..."
"ကျေးဇူးပါ Kook..."
အချိန် ၅ နာရီလောက်ကြာသွားတော့မှ Min အမေခွဲခန်းထဲကနေထွက်လာခဲ့သည်...ခွဲစိတ်မှုအဆင်ပြေတာမလို့ စိတ်သက်သာသွားတဲ့ Min က မျက်ရည်တွေတောင်ကျလာတာကို Jungkook သုတ်ပေးရသေးသည်...
Jungkook လက်ကနာရီကိုကြည့်တော့ နေ့လည် ၂ နာရီ....
"Min ကိုယ်အိမ်ခနပြန်ဦးမယ်..."
"အင်း Kook...ကျေးဇူးပါနော်..."
"ရပါတယ် Min ရဲ့ Min အမေကလည်း ကိုယ့်အမေလိုပါပဲ..."
Jungkook စကားကြောင့် Jimin မျက်နှာလေး ပြုံးယောင်သန်းသွားသည်...
Jungkook mart ကိုဝင်ပြီး Cake လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ရသည်...Baby စိတ်ဆိုးနေမှာစိုးလို့ ချော့ဖို့ရည်ရွယ်ပြီး စတော်ဘယ်ရီသီးတွေဝယ်လာခဲ့သည်....
Jungkook အိမ်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေကာ အစောင့်တွေပဲတွေ့ရသည်...Baby ကိုမီးဖိုခန်းထဲမှာမတွေ့ရလို့ အပေါ်ထပ်တန်းတက်ခဲ့လိုက်သည်....
"Baby ရေ...."
အခန်းထဲလည်းမတွေ့ရ...Jungkook ပစ္စည်းတွေကို စားပွဲပေါ်တင်ကာ ရေချိုးခန်းဘက်လာတော့မှ ရေကျသံသဲ့သဲ့ကြားရသည်...
...Baby က ရေချိုးနေတာကိုး....
Jungkook တံခါးဝကနေပဲစောင့်နေမိသည်...
ခနကြာတော့ တံခါးကဖျတ်ခနဲပွင့်လာကာ Bathrobe ကို ရင်ဘတ်ဟကွဲနဲ့ ထွက်လာတဲ့ Baby....
မျက်လုံးဝိုင်းလေးတွေက Jungkook ကိုတွေ့တော့ ဝိုင်းစက်သွားကာ နှုတ်ခမ်းလေးဟပြီး အံ့သြသွားပုံရသည်...Jungkook စောင့်ကြည့်နေမှန်းသိလျှင် မျက်နှာလေးကတည်တင်းသွားပြီး Jungkook ပုခုံးကိုတိုက်ကာရှောင်ထွက်သွားသည်....Jungkook ပြုံးလိုက်ရင်း နောက်ကနေမသိမသာလိုက်သွားကာ...
"Baby...Cake လုပ်ဖို့ ပစ္စည်းတွေကိုယ်ဝယ်လာပြီနော်..."
"မလုပ်တော့ဘူး...မင်းဘာသာမင်းလုပ်ချင်လုပ်..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-18
Start from the beginning
