"မင်း ဘာလုပ်တာလဲ Jungkook..."

Jungkook လက်တွေက Taehyung ပါးပြင်လေးတွေကို အုပ်ကိုင်လာကာ...

"Baby ဆေးလိပ်သောက်ချင်တိုင်း ကိုယ်နမ်းပေးမယ်...ဆေးလိပ်အစားကိုယ့်နှုတ်ခမ်းတွေကိုပဲ စွဲလမ်းပေးပါ..."

"မင်း ဘာတွေလျှောက်ပြောနေတာလဲ..."

"နော် Baby..."

Taehyung ကိုအလေးအနက်ကြည့်ပြီး ပြောလာတဲ့ Jungkook မျက်ဝန်းတွေထဲမှာ တောင်းဆိုခြင်းတွေပါဝင်သလို မျှော်လင့်ခြင်းတွေပါ ရောနှောနေသည်....ထူးဆန်းစွာ Taehyung မငြင်းဆန်ချင်...

"အင်းပါ..."

"Baby ကိုချစ်တယ်..."

"Jungkook အတူတူကိတ်မုန့်ဖုတ်ရအောင်..."

"အင်း Baby က အတူတူလုပ်ချင်လို့လား..."

Taehyung ကပြုံးကာ ခေါင်းငြိမ့်ပြသည်...

"ဟုတ်ပြီလေ လိုတာသွားဝယ်ရအောင် ခနနေ.."

"အော..."

.. တူ...တူ...

Jungkook ph လာတာမလို့ Jungkook က စားပွဲပေါ်က ph ကိုသွားယူရင်းကိုင်လိုက်ကာ...

"Hello ...Min ပြောလေ.."

Min ဆိုတဲ့ Jungkook အသံကြောင့် Taehyung ကိုယ်လေးမတ်ခနဲဖြစ်သွားသည်...

"အင်း ကိုယ်အခုလာခဲ့မယ်...."

Taehyung မျက်မှောင်လေးတွေကျုံ့သွားရသည်...Min ဆိုတဲ့ကောင်လေးခေါ်တိုင်း Jungkook ကသွားနေကျထင်တယ်...

"Baby ကိုယ်အရေးကြီး ကိစ္စရှိလို့ အပြင်ခနသွားဦးမယ်....ကိုယ်ပြန်လာခဲ့မယ်နော်...."

Taehyung ကဘာမှမပြောတာကြောင့် Jungkook လည်းထွက်လာခဲ့လိုက်သည်..မျက်နှာမကောင်းတာသိပေမယ့်လည်း Min အမေခွဲစိတ်ရက်မလို့ သွားပေးမှရမည်....

Jungkook ရောက်သွားတော့ Jimin မျက်နှာက အရမ်းကိုစိတ်ပူနေဟန်ရှိသည်...

"Kook ရောက်လာပြီလား.."

"အန်တီရော Min ခွဲခန်းထဲဝင်သွားပြီလား...."

"ဟိုမှာ ခေါ်လာပြီ..."

Jungkook တို့နားကိုတွန်းလာတဲ့ Min အမေကိုတင်ထားတဲ့ လူနာတင်ကုတင်...Min ကသူ့အမေလက်လေးကိုဆုပ်ကိုင်ကာ အားပေးစကားတွေပြောနေလေသည်...Jungkook လည်း အန်တီ့ကိုပြုံးပြရင်း စိတ်မပူဖို့နဲ့ Min နဲ့အတူအပြင်မှာ ရှိနေပေးမှာဖြစ်ကြောင်းပြောပြရသည်...

💜 Next to You 💜Where stories live. Discover now