Jimin အိမ်ကနေထွက်အလာ အနားကိုကားနက်တစ်စီး ထိုးရပ်လာကာ Jimin ကိုဆွဲတင်သည်...အတင်းရုန်းကန်အော်ဟစ်နေတော့ ပတ်ဝန်းကျင်ကလူတွေကကြားသွားကာ Jimin တို့နားဝိုင်းအုံလာတော့မှ ရုန်းရင်းဆန်ခတ်အခြေအနေကနေငြိမ်သွားကာ...

"အားးး!...."

Jimin ဗိုက်ထဲအတွင်းနက်နက်ထိထိုးဝင်လာတဲ့ ဓား.....တစိမ့်စိမ့်ထွက်လာတဲ့သွေးတို့က ဝတ်ထားတဲ့အကျီအဖြူလေးမှာ နီရဲနေလျှက်...

...ဝေါ့....

ပါးစပ်ထဲကသွေးတွေအန်ထွက်လာပြီး ကြမ်းပြင်ပေါ်ပြုတ်ကျလာတဲ့ Jimin က ဗိုက်ကလေးကိုဖိကာ အသက်ကိုလုရှုနေသည်...အသက်ရှူရတာတစ်ဖြည်းဖြည်းခက်ခဲလာပြီး မျက်ခွံတွေလေးလံလာသည်....မျက်ဝန်းလေးတွေပိတ်မကျခင် အတွေ့ချင်ဆုံးလူသားရဲ့မျက်နှာလေးကို မြင်ယောင်နေမိရင်း...

...မေမေ့ကိုစောင့်ရှောက်ပေးပါ Jungkook.....





အမွန်တကယ်မအားတော့ဘူး စောင့်နေကြမှာသိလို့ ရေးတင်ပေးလိုက်တာ တိုသွားတယ်...နောက်အပိုင်းကိုလည်း အားရင်အားသလို ရေးပြီးတင်ပေးပါ့မယ်နော်...

Unicode......






Jungkook နိုးလာတော့ မွှန်ထူနေတဲ့ ဆေးလိပ်အနံ့...Jungkook မျက်ခုံးတွေကျုံ့သွားကာ ထကြည့်မိတော့ ပြတင်းပေါက်ကနေ တစ်ဆင့် မိုးရွာနေတာကိုကြည့်ပြီး ဆေးလိပ်သောက်နေတဲ့ Taehyung...

"Baby..."

"အင်း နိုးပြီလား..."

"ဘာလို့ ဆေးလိပ်တွေသောက်နေတာလဲ..."

"ငါကြိုက်လို့လေ...."

Jungkook သူ့နားထလာကာ နှုတ်ခမ်းမှာကိုက်ထားတဲ့ ဆေးလိပ်ကိုဖြုတ်ယူလိုက်ရင်း...

"Baby အဆုပ်က မကောင်းဘူးပြောတယ်...ဆေးလိပ်မသောက်ပါနဲ့လား...."

Taehyung သူ့စကားကြောင့် စိတ်ညစ်ညူးသွားရသည်...ဆေးလိပ်ကိုသူဘယ်လိုဖြတ်နိုင်မှာတဲ့လဲ...

"ငါက တစ်သက်လုံးသောက်လာတဲ့ဆေးလိပ်ကို ဘယ်လိုလုပ်....အွန့်..."

Taehyung နှုတ်ခမ်းအိအိလေးတွေဆီထိကပ်လာတဲ့ Jungkook နှုတ်ခမ်းပါးတွေ ....Taehyung  အငိုက်မိသွားရသည် ...အသိဝင်တော့မှ သူ့ရင်ဘတ်ကြီးကိုတွန်းထုတ်မိရင်း...

💜 Next to You 💜Where stories live. Discover now