"ရား..Jungkook...."
"ဘာလဲ Baby ကို ကိုယ်ပြောပြီးသားလေ...စတော်ဘယ်ရီတစ်လုံး popo တစ်ခါဆိုတာ..."
Taehyung က မကျေမနပ်လေးကြည့်လိုက်မိရင်း...
"တော်ပြီ မစားဘူး...."
Jungkook ကပြုံးစိစိနဲ့ ဘေးနားကနေလိုက်စလိုက် Taehyung ကအော်လိုက်နဲ့ မီးဖိုခန်းထဲဆူညံပွတ်လောရိုက်နေလေသည်....
ညနေမှပြီးသွားတဲ့ Cake ကို Taehyung ကစားပွဲပေါ်တင်ပေးရင်း...
"စားလို့တော့ ရမှာပါ...."
Taehyung ကပြောပြောဆိုဆို
Cake ပေါ်က Cream တစ်ချို့ကိုလက်နဲ့ကော်ကာ မြည်းကြည့်နေသည်...
Jungkook မျက်စိရှေ့ကချစ်စရာကောင်းလှတဲ့ ကောင်ငယ်လေးကို အူယားစွာကြည့်နေမိသည်....ဘုရားသခင်က Baby ကိုအချိန်ပေးပြီး ဖန်ဆင်းပေးခဲ့ဟန်တူသည်....အစိတ်အပိုင်းတစ်ခုချင်းစီက သိပ်လှသည်....ပြီးပြည့်စုံနေသည်...တစ်ခါတစ်ခါဆို Jungkook မှာငေးခနဲ ဖြစ်ဖြစ်သွားရသည်...
"Jungkook မြည်းကြည့်လေ...."
....ပြွတ်စ်....
Taehyung နှုတ်ခမ်းဆီ ခပ်ဖွဖွစုပ်ယူနမ်းရှိုက်လိုက်တဲ့ Jungkook ကြောင့် အံ့သြရပြန်သည်....Jungkook ဆီကနေ ခနခနနမ်းခံနေရတာကိုလည်း စိတ်ကတိုလာရသည်...
"မင်းကို Cake မြည်းခိုင်းတာလေ..."
"အင်း ချိုတယ်...."
Taehyung နားမလည်ဘဲ သူ့မျက်နှာကိုကြည့်နေလျှင်....
"ခုနက Baby မြည်းထားတာလေ အဲ့တာ နှုတ်ခမ်းလေးပေါ်မှာ Cream တွေပေနေလို့ ကိုယ်မြည်းလိုက်တာ...ချိုနေတာပဲ..."
"သကြားနဲနဲလိုသွားသလိုပဲ ..သိပ်မချိုဘူးနော်..."
"ကိုယ်က Cake ချိုမချိုတော့မသိဘူး...Baby နှုတ်ခမ်းလေးကတော့ချိုတယ်..."
"ချီးပဲ...Jeon Jungkook...."
"ဟားဟား...."
...........
Jimin ဆေးရုံကနေ အိမ်ပြန်လာမိသည်....မေမေ့အတွက်လိုအပ်တာလေးတွေသွားယူဖို့ဖြစ်သည်...ခွဲစိတ်မှုအောင်မြင်ပေမယ့် ရက်အတော်ကြာဆေးရုံတက်ရဦးမှာမလို့ Jimin ဆိုင်ကို တာဝန်ခံနဲ့လွှဲထားပြီး သူဆေးရုံစောင့်နေခြင်းဖြစ်သည်....
VOCÊ ESTÁ LENDO
💜 Next to You 💜
Fanficမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-18
Começar do início
