Jungkook မျက်နှာပျက်သွားပေမယ့် ဒါ Baby သိရမယ့်အရာပဲမလို့...သူ့အကြောင်းကို အစုံပြောပြလိုက်ရသည်...

"မင်း အဖေက တကယ်လွန်တာပဲ... သူအာဏာပိုရဖို့အတွက် သားအရင်းကိုတောင်မွေးစားသားလို့ပြောထားတာ တကယ်ကိုပဲ..."

Jungkook သူ့အတွက် ခံပြင်းနေတဲ့ Baby ခေါင်းလေးကိုငုံ့မွှေးကာ....

"အဲ့တော့ Baby ကစိတ်ဆိုးပြေပြီလား...."

"ဘယ်သူကဆိုးနေလို့လဲ မင်းကို..."

Jungkook ပြုံးလိုက်ရင်း....

"အော..အော...စိတ်မဆိုးဘူးပေါ့..."

ခေါင်းငြိမ့်ပြတဲ့ Baby ကြောင့် အသည်းယားသွားကာ ပါးဖောင်းလေးကိုညှစ်လိုက်မိသည်...

"အဲ့တာဆို  Cake လုပ်ပေးနော်..."

"............"

Jungkook ခုနကဝယ်လာတဲ့ စတော်ဘယ်ရီတွေကိုယူလိုက်ပြီး....

"ဒါ ဘယ်သူကြိုက်တာလဲမသိဘူး..."

စတော်ဘယ်ရီတွေကိုမြင်တော့ မျက်လုံးလေးတွေကလက်ခနဲ...Jungkook ကျိတ်ပြုံးမိသွားရင်း Baby နား သူ့ပါးကိုထိုးပေးကာ...

"စတော်ဘယ်ရီတစ်လုံး PoPo တစ်ခါ..."

Jungkook မျက်နှာကို Taehyung ကတွန်းလွှတ်ကာ....

"ရူးနေလား....."

Jungkook နောက်ကနေ Baby ကိုယ်လေးကိုသိုင်းဖက်လိုက်ရင်း ပုခုံးလေးပေါ်ခေါင်းတင်ကာ..

"Baby ကြောင့် ကိုယ်ရူးနေတာသိသားနဲ့...."

Taehyung ပြုံးနေတာကိုတော့ Jungkook မတွေ့ရပေ....

စတော်ဘယ်ရီကျေးဇူးနဲ့ Taehyung Cake လုပ်ဖို့ မီးဖိုထဲပါလာခဲ့သည်....Taehyung နောက်ကနေ မကူဘဲဝင်ရှုပ်နေတဲ့ Jungkook....

"Jungkook ကြက်ဥခေါက်ပေးဦး...."

Taehyung စကားကြောင့် ကြက်ဥတွေဖောက်ကာ ခေါက်ပေးနေတဲ့ Jungkook...Taehyung ဂျုံတွေနယ်နေရတော့ လက်တွေအကုန်ပေပွနေလေသည်...

"ရော့ Baby..."

Taehyung နှုတ်ခမ်းနားရောက်လာတဲ့ စတော်ဘယ်ရီရဲရဲတစ်လုံး....စားရမစားရစဉ်းစားနေမိပေမယ့် စတော်ဘယ်ရီမလို့ သူမလွန်ဆန်နိုင်...

...ပြွတ်စ်....

Taehyung သူခွံ့တာကိုစားတော့ ပါးပြင်ထဲနစ်ဝင်မတတ်နမ်းခံလိုက်ရသည်...

💜 Next to You 💜Where stories live. Discover now